About Me

Windows 7 တွင် File Sharing ပြုလုပ်နည်း


Windows 7 တွင် File Sharing ပြုလုပ်နည်း



အခုကျွန်တော် Windows 7 အသုံးပြု သူတွေအတွက် Local Aera Network ( Lan ) ထဲမှာ  File Sharing  ပြုလုပ် တဲ့ နည်းလမ်းလေးကို မေးထားတဲ့ အကို တစ်ယောက်လည်း ရှိတာနဲ့ ကျန်တဲ့ မသိသေးတဲ့ သူများလည်း အဆင်ပြေအောင် ရေးပေးသွားပါမယ် ..ကျွန်တော် အားလုံး အဆင်ပြေအောင် အောက်မှာ ပုံလေးတွေ နဲ့ တစ်ဆင့်ချင်း ရှင်းပြေပေး သွားပါမယ် .. သိပြီး သားသူများကတော့ သည်းခံ ပေးပါခင်ဗျာ .. မသိသေးတဲ့ သူတွေ အတွက် ရည်ရွယ်ပါတယ် ..

 Windows 7 မှာ File Sharing မလုပ်မှီ အရင်ဆုံး ဘာတွေ ပြင်ဆင် ဖို့လိုလည်း ဆိုတာကို ရေးပေးပါမယ် .. အရင်ဆုံး အောက်က ပုံမှာ ပြထားတဲ့ အတိုင်း  Local Aera Connection ပေါ်မှာ Right Click ထောက်လိုက်ပါ .. ပြီးရင် Properties ကိုသွားလိုက်ပါ .. 

အောက်က ပုံအတိုင်း ပေါ်လာပြီ ဆိုရင် File and Printer Sharing for Microsoft Networks မှာ အမှန်ခြစ်လေး ပေးမထားပါက အမှန်ခြစ်ပေးလိုက်ပါ .. ပေးပြီးသား ဆိုရင်တော့ မလိုပါဘူး ..  ပြီးရင် OK ပေးလိုက်ပါ ..

နောက်တစ်ဆင့် အနေနှင့် မိမိတို့ အသုံးပြုနေတဲ့ Network အတွင်းမှာရှိတဲ့ တစ်ခြား စက်တွေကို File Sharing တွေကို ပြုလုပ် နိုင်ဖို့ အတွက်  Change Advance Sharing Setting  မှာသွားပြီးတော့ ပြင်ဆင် ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ် .. ဒါမှသာ မိမိတို့က Sharing လုပ်လိုက်တာ ကို တစ်ခြား စက်မှာ လက်ခံလို့ ရမှာ ဖြစ်ပါတယ် .. ကျွန်တော် ဘယ်လိုလုပ်ရမယ် ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ အဆင့်ဆင့် ပြပေးထားပါတယ် .. အရင်ဆုံး Control Panel  ကိုသွားလိုက်ပါ ..

အောက်က အဆင့် အတိုင်း ရောက်ပြီ ဆိုရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း Turn on ပေးလိုက်ပါ ..

အောက်က အဆင့်မှာတော့ နံပါတ် ( 5 ) အဆင့်မှာ တစ်ချက် သိထားရပါမယ် .. တကယ်လို့ မိမိတို့က Turn on ပေးလိုက်မယ် ဆိုရင် မိမိတို့ Sharing လုပ်ထားတဲ့ ဖိုင်ကို တစ်ခြား စက်မှာ ဖွင့်မယ် ဆိုရင် မိမိတို့ စက်မှာ ခံထားတဲ့ Administrator Password နဲ့ဖွင့်မှ ဖွင့်လို့ ရပါလိမ့်မယ် .. Turn Off ပေးလိုက်မှသာ တစ်ခြား စက်ကနေ တိုက်ရိုက် ယူသုံးလို့ ရမှာ ဖြစ်ပါတယ် .. ပြီးရင်တော့ Save Changes ပေးလိုက်ပါ ..

အပေါ်က အဆင့်တွေ အတိုင်း ပေးပြီး သွားပြီ ဆိုရင်တော့ File Sharing လုပ်တာကို ဆက်ပြီး ရေးပေး သွားပါမယ် .. အရင်ဆုံး မိမိတို့ Sharing လုပ်ချင်တဲ့ Folder တစ်ခုကို Right Click ထောက်လိုက်ပါ .. ပြီးရင် အောက်က ပုံအတိုင်း Sharing with ကနေပြီး  Specific People  ကိုသွားလိုက်ပါ ..

အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ အားလုံးကို Sharing ပေးမှာ ဖြစ်တဲ့ အတွက် Everyone ကိုရွေးလိုက်ပါ ။ ပြီးရင် Add ကိုနှိပ်လိုက်ပါ ..

အောက်က အဆင့်မှာတော့  Permission ပေးရမှာ ဖြစ်ပါတယ် .. Read ကိုပေးမယ် ဆိုရင်တော့ Sharing လုပ်လိုက်တဲ့ File ကို အသုံးပြုလို့ ရမှာ ဖြစ်ပေမယ့် တစ်ခြားစက်ကနေ Sharing လုပ်ထားတဲ့ File ကို ဖျက်ပစ်တာတို့  ပြင်ဆင်တာတို့  ပြုလုပ်လို့ ရမှာ မဟုတ်ပါဘူး .. Read / Write နှစ်ခုလုံး ပေးလိုက်ရင်တော့ တစ်ခြား စက်ကနေလည်း မိမိ Sharing လုပ်လိုက်တဲ့ File ကို ပြင်ဆင်တာတို့ ဖျက်ပစ်တာတို့ ပြုလုပ်လို့ ရမှာ ဖြစ်ပါတယ် ..

မိမိတို့စိတ်ကြိုက် Permission ပေးပြီး သွားပြီ ဆိုရင်တော့ Share ကိုနှိပ်လိုက်ပါ ..

ပြီးရင်တော့  အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Done ပေးလိုက် ယုံပါပဲ .. ။ ဒါဆိုရင် မိမိတို့ Sharing လုပ်ချင်တဲ့ Folder ကို Network ထဲမှာ ရှိတဲ့ တစ်ခြား စက်ကနေ လှမ်းယူပြီး အသုံးပြုလို့ ရသွားပါလိမ့်မယ် ..

အောက်က ပုံကတော့ ရှယ်ယာ ပေးထားတဲ့ Folder ပုံပဲ ဖြစ်ပါတယ် .. 

အပေါ်က ပုံအတိုင်း ရှယ်ယာ ပေးပြီး သွားပြီ ဆိုရင်တော့ အောက်မှာ ကျွန်တော် ဆက်ပြီးတော့  Share ပေးထားတဲ့ ဖိုင်တွေကို ဘယ်လို ပြန်ပြီး တော့ ဖျက်လို့ ရမလည်း ဆိုတာကို ဆက်ပြီးတော့ ရေးပေး သွားပါမယ် ..

ကျွန်တော်တို့ Share ပေးထားတဲ့ Folder ပေါ်မှာ Right Click ထောက်လိုက်ပါ .. ပြီးရင် Properties ကို သွားလိုက်ပါ .. 


အောက်ကပုံ အတိုင်း Properties Box ကျလာပြီ ဆိုရင် Sharing Tab ကို သွားလိုက်ပါ .. ပြီး ရင် Advance Sharing ကို သွားလိုက်ပါ ..

အောက်က ပုံအတိုင်း ပေးလာပြီ ဆိုရင်တော့ Share this folder မှာ ရှိတဲ့ အမှန်ခြစ်လေးကို ဖြုတ်ပေးလိုက်ပါ .. ပြီးရင်တော့ Apply >> OK ပေးလိုက်ယုံပါပဲ..


တကယ်လို့ မိမိတို့ Share ပေးထားတဲ့ ဖိုဒါကို တစ်ယောက်ယောက်က အသုံးပြုနေ တယ်ဆိုရင် အောက်က ပုံအတိုင်း မေးပါလိမ့်မယ် .. သူ့ကို အသုံးပြုခွင့် ပေးအုံးမယ် ဆိုရင်တော့ No ပေးလိုက်ပါ .. မပေးတော့ ဘူးဆိုရင်တော့ Yes ပေးလိုက်ယုံပါပဲ ..


ဒီလောက် ဆိုရင်တော့ အားလုံးပဲ Windows 7 မှာ File Sharing လုပ်တာနဲ့ ပါတ်သတ်ပြီး အဆင်ပြေ သွားမယ်လို့ ထင်ပါတယ် ..

ဒီပို့စ်လေးကို PDF ဖြင့်လိုချင်တယ် ဆိုရင် အောက်မှာ ဒေါင်းလော့ ချသွားလိုက်ပါ ..


Download  Ifile.it   ၊  Download  Mediafire

အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

Bottom 2

ဝေဖန်အကြံပြုလိုပါက

Ĭ