About Me

သိပ္ပံပညာရှင်များ ဗုဒ္ဓ၏စွယ်တော် (သွား) ကို စစ်ဆေးကြခြင်း


သိပ္ပံပညာရှင်များ ဗုဒ္ဓ၏စွယ်တော် (သွား) ကို စစ်ဆေးကြခြင်း

ဒီပိုတ်စ့်လေး ကို လွန်ခဲ့တဲ့ ၁ နှစ်ကျော်ခန့် လောက်က လူတိုင်း ဖတ်ဖူးကြမှာပါ…..

ပြန်ဖတ်ကြည့်ချင်သေးတယ်ဆိုရင် ဒီ မှာ သွားဖတ်ပါ…. နောက်ထပ် ဒီ က ထပ်ဆင့် လင့်ခ်များစွာနဲ့ ကြည့်လို့ရ ပါသေးတယ်….

ထိုဖော်ပြပါ ပိုတ်စ့် သတင်းကို အနည်းငယ် သုံးသပ်ပေးပါရစေ….

(၁) အဲ့ဒီ သွားဟာ ကိုယ်တော်ဂေါတမရဲ့ သွား ဖြစ်သလား- သို့မဟုတ် အခြားသော ထူးခြားသူတစ်ဦးရဲ့ သွား ဖြစ်သလား- အတိ အကျ ဘယ်လို စစ်ဆေးမလဲ?

(၂) အဲ့ဒီ သွားဟာ DNA အရ ထူးခြားတဲ့သွား ဖြစ်နိုင်တယ်- ဒါပေမယ့် Supreme Lord ရဲ့ သွားဖြစ်တယ်လို့ ဘယ်လို ပြောမလဲ?

တကယ်လို့ ပြောနိုင်ရင် ကမ္ဘာမှာ သူ့ကဲ့သို့ Supreme Lord တွေ ရှိနေရမယ်- အဲ့ဒီ Supreme Lord တွေရဲ့ သွားတွေကို DNA ဓါတ်ခွဲပြီး သုတေသနလုပ်ပြီး ဖြစ်နေရမယ်- ဒါမှ ဒီလို DNA အမျိုးအစားက Supreme Lord အမျိုးအစား ဖြစ်တယ်။ ဒါကတော့ သာမန်လူရဲ့ အမျိုးအစားဖြစ်တယ်လို့ အဖြေထုတ်နိုင်မှာပေါ့။ နို့မဟုတ်ရင် ဘယ်လိုလုပ် အဖြေထုတ်နိုင်မလဲ။

ကိုယ်တော်ဂေါမဟာ သာမန်လူထက် ထူးခြားတယ်ဆိုတာ လက်ခံရမှာပါ။ အိန္ဒိယမှာ အသက်မသေဘဲ- နှစ် ပေါင်းထောင်ချီတဲ့ ဆာဒူးကြီးတွေတောင် ရှိသေးတာပဲ။ မူဆလင်ထဲမှာလည်း အများကြီးပါ။ အနီးစပ်ဆုံး လွန်ခဲ့ တဲ့ ၃ နှစ် ၄ နှစ်လောက်က မေမြို့က မူဆလင် ကာဘာရ်စတန်(သုသာန်) ကို ဖျက်တော့- လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာက မြှုပ်နှံခဲ့တဲ့ ရုပ်ကလပ်တွေထဲမှာ ကဖန် (အ၀တ်ဖြူ) တောင်  မဆွေးသေးတဲ့ ရုပ်ကလပ်ပေါင်း ၆၀ လောက် ထွက်လာတယ်။ အဲ့ဒီအထဲမှာ ဆရာကြီး ဆူလေမန် ပသေ့ဒ် ရဲ့ ရုပ်ကလပ်လည်း ပါတယ်။ ဆရာ ကြီးက ၁၉၈၆ ခုလောက်က အလ္လာဟ့်အမိန့်ကို ခံတယ်။ သူ ဆုံးသွားပြီး နှစ်ပေါင်း ၂၀ ကျော်မှာ မေမြို့ ကာ ဘာရ်စတန်ကို ပြောင်းတော့ သူ့ရုပ်ကလပ်က ဒီအတိုင်းပဲ ရှိသေးတယ်။ အခု ကာဘာရ်စတန် အသစ်မှာ ပြန်ပြီး ဒါဖနာ လိုက်တယ်။ နောက် နှစ်ပေါင်း ဘယ်လောက်ထိ ခံမလဲ ဘယ်လို ပြောနိုင်မလဲ။ အလားတူ ဖြစ်ရပ်တွေ အစ္စလာမ့် လောကမှာ အများကြီး ရှိတယ်။ ဒါကြောင့် ဒါရ်ဂါရ်- လိုင်းက လူတွေက အစွဲ ဖြစ်နေတာပါ။

ဒါတွေက ဘာသာရေးမှာ သီးခြားလိုင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာအရ ၀ိဇ္ဇာလိုင်းလို့ ခေါ်တယ်။ သူတို့တွေ ထူးခြား တာက သူတို့ကိစ္စပါ။ သူတို့ကို မစော်ကားမိဘို့ လိုပါတယ်။ (သူတို့သာမက ဘယ်သူ့ကိုမှ မစော်ကားဘို့ အစ္စ လာမ်က တားမြစ်ထားပါတယ်)။ သို့သော် သူတို့ဟာ ကိုးကွယ်ခံ ဘုရားများ မဟုတ်ပါ။ သူတို့က သွန်သင်ခဲ့တာ မှာ လူ့ပတ်ဝန်းကျင် လူ့လောကအတွက် ကောင်းတာရှိရင်သာ လက်ခံရပါမယ်။ သို့မဟုတ် သူတို့လို ဖြစ်ချင် တယ်- ဆိုရင် လူတစ်ဦးချင်းစီက သူတို့ဆီမှာ သူတို့လို ဖြစ်နည်း ပညာသင်ယူ-လေ့ကျင့်ယူလို့ ရပါတယ်။

ဒါကြောင့် ကျွန်တော်က ဗုဒ္ဓဘာသာများနဲ့ ဆွေးနွေးတဲ့အခါမှာ ဖန်ဆင်းရှင် ရှိကြောင်းကိုသာ ဗုဒ္ဓဘာသာကျမ်း အထောက်အထားများနဲ့ ဆွေးနွေးလေ့ရှိပါတယ်။

Bottom 2

ဝေဖန်အကြံပြုလိုပါက

Ĭ