About Me

ဘာသာခြားများ မေးခွန်းများအတွက် အဖြေများ (၁၄)


ဘာသာခြားများ မေးခွန်းများအတွက် အဖြေများ (၁၄)


မေးမြန်းသူ- ညီညီ (jsmithnyinyi@gmail.com)
ဖြေကြားသူ- ဦးဌေးလွင်ဦး (htaylwinoo@islammyanmar.com)

ဖန်ဆင်းရှင်ကို လက်မခံသူတစ်ယောက်မှ မေးမြန်းလာသည်မှာ ဖန်ဆင်းရှင်က အရာအားလုံးကို ဖန်ဆင်းသည်ဆိုလျှင် လော ကတွင် ဖြစ်ပေါ်နေသောမကောင်းမူများ၊ မညီမျှမူများ၊ ဒုက္ခများ၊ မတရားမူများကို ဖန်ဆင်းရှင်က ဖြစ်ပေါ်စေပါသလား။ ဖန် ဆင်းရှင်သည် လူသားများဧ။် ခ၀ပ်ကိုးကွယ်မူများကို လိုအပ်ပါသလော။
ဒီအကြောင်းကို http://www.islaminmyanmar.com ထဲက သာသနာ့ ဒသန ဆွေးနွေးမှုများ အောက်မှာ အလ္လာဟ်က လူတွေကို ဖန်ဆင်းပြီး ကစားနေသလား ဆိုတာကို ဖတ်ကြည့်ပါ… အသေးစိတ် ရှင်းလင်းထားပြီး ဖြစ်ပါတယ်…
Scribd ကနေ တိုက်ရိုက်ဖတ်ချင်တယ်ဆိုရင်လည်း http://www.scribd.com/doc/83173399/Is-Allah-Playing-With-Humans ဒီလင့်ခ်လေးမှာ ကလစ်နှိပ်ကာ တိုက်ရိုက် ဖတ်လို့ရနိုင်ပါတယ်....

မည်သည့်အတွက်ကြောင့် ကမ္ဘာလောကနှင့် လူသားများကို ဖန်ဆင်းပါသနည်း။

ကမ္ဘာမှာ လူတွေကို ကိုယ်စားဘုရားဖြစ်စေဘို့ ဖြစ်တယ်။ တနည်းအားဖြင့် လူတွေကို လူ ပီသလာစေဘို့ ဖြစ်တယ်။ နောက် ဆုံးပန်းတိုင်က လာခဲ့ရာဇစ်မြစ်ဆီသို့ တစ်လုံးတစ်ဝတည်း ပြန်လည်ဖြစ်စေဘို့ ဖြစ်ပါတယ်။
ဉာဏ်စဉ်ဆောင်များရဲ့ နောက်လိုက်များကို အဲ့ဒီ ဉာဏ်စဉ်ဆောင်ရဲ့ အွမ္မတ် (နောက်လိုက်များ) လို့ ခေါ်ပါတယ်။ အစ္စလာမ် ရော အစ္စလာမ် မဟုတ်သူရော- လူသားအားလုံးကို ကုရ်အာန်ကျမ်းတော်မှာ အို- လူသားများလို့ ခေါ်ဆိုပြီး ပြောပါတယ်-။ မူဆလင်များကို ပြောရင်- အို ယုံကြည်သူများလို့ ပြောပါတယ်။ အိုယုံကြည်သူများလို့ ပြောတိုင်းမှာ သီလပညတ်တွေကို ချမှတ်ပေးပါတယ်။ အိုလူသားများလို့ ပြော တိုင်းမှာ လူသားကျင့်ဝတ်တွေကို ပြောဆိုပါတယ်။ ဘယ်ဉာဏ်စဉ်ဆောင်ကိုမှ မှားတယ်လို့ ကုရ်အာန်က မပြောဘူး။ တပည့်နောက်လိုက်များရဲ့ အချင်းချင်း မနာလိုဝန်တိုမှုကြောင့် ဂိုဏ်းတွေကွဲခဲ့ရတယ်။ မင်းတို့ အဲ့လို မဖြစ်စေနဲ့လို့ ဆုံးမတာတော့ရှိတယ်။ တပည့်နောက် လိုက်များရဲ့ တရားတော်အပေါ်မှာ ဖေါက်ပြားမှုကြောင့် ဉာဏ်စဉ်ဆောင် ဟောပြောခဲ့ရာ မူလဓမ္မမှ လွဲချော်သွားခဲ့ရတာ ရှိတယ်။ မင်းတို့တွေ အဲ့လိုမဖြစ်စေနဲ့လို့ ဆုံးမတာ ရှိတယ်။ ဉာဏ်စဉ်ဆောင်တိုင်းဟာ သူ့ခေတ် သူ့ကာလမှာ မိရိုးဖလာ အမှောင်ထုကြီးကို အခက်အခဲမျိုးစုံ- ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ပြီး အမှန်တရားအတွက် ရပ်တည်ခဲ့ရတယ်။ မင်းတို့လည်း အဲ့သလို ရပ်တည်ကြလို့ ဆုံးမတယ်။ အဲ့ဒီ ဉာဏ်စဉ်ဆောင်တိုင်းမှာ အသက်ပေးရပ်တည်တဲ့ လက်ရင်းသာဝက တပည့်တော်ကြီးများ ရှိတယ်။ အဲ့ဒီ သာဝကကြီးများဟာ လူသားတွေအတွက် သက်သေခံ- စံနမူနာပြုထိုက်သူတွေ ဖြစ်တယ်လို့ ကုရ်အာန်က သွန်သင်တယ်။
လူသားတွေကြားမှာ ဘုရားတစ်ဆူဝါဒကို ထူထောင်ဘို့- လူလူချင်း ညီရင်းအစ်ကိုလိုနေဘို့၊ အယူမတူတိုင်း ရန်သူလို့ မသတ်မှတ်ဘို့၊ လူတစ်ချို့က လူသားတွေရဲ့ ငြိမ်းချမ်းရေးကို စော်ကားလာရင်တော်လှန်ဘို့- ဂျူးဘုရားကျောင်း၊ ခရစ်ယာန် ဘုရားကျောင်း၊ ဘုန်းတော် ကြီးကျောင်း၊ ဗလီစတဲ့ ဘုရားတရား သတိရရာနေရာများကို စော်ကားရန်ရှာလာသူတိုင်းကို တော်လှန်ဘို့- ကုရ်အာန်ကျမ်းတော်က သွန်သင်ပါတယ်။
ကျန်တဲ့- လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး ဥပဒေ တွေကတော့ အများကြီးပေါ့ဗျာ။ ဒီမှာလည်း မူဆလင်ဟုတ်သူနဲ့ မ ဟုတ်သူ ဆိုပြီး ဥပဒေက တစ်ဘက်စောင်းနင်း မရှိဘူး။ လေ့လာကြည့်ပေါ့။
ချစ်ခင်စွာဖြင့်

ကမ္ဘမှာလူတွေကိုကိုယ်စားဘုရားဖြစ်စေဖို့ပြောတယ်ဆိုတာဘာကိုဆိုလိုဘာသလဲ။
လူတိုင်းဟာ လူ ဘုရားဖြစ်ခွင့်ရှိတဲ့ ဇစ်မြစ်ဓါတ်ခံ ပါဝင်တယ်။ အဲ့ဒီ ဓါတ်ခံကို နည်းလမ်းမှန် လေ့ကျင့်နိုင်ရင် လူသားတိုင်း မှာ ဘုရားဖြစ်ပိုင်ခွင့် အခွင့်အရေး ရှိတယ်။ လောကရဲ့ ကဏ္ဍ တစ်ခုချင်းစီမှာ အဲ့ဒီ ကဏ္ဍနဲ့ သက်ဆိုင်တဲ့ ဘုရားလေးတွေ သော်လည်းကောင်း ဖြစ်နိုင်တယ်။ လူဘုရား တစ်ပါးချင်းရဲ့ ဂုဏ်ရည်တွေကို မိတ်ဆွေ သိနိုင်မှာပါ။

နောက်ဆုံးပန်းတိုင်က လာခဲ့ရာဇစ်မြစ်ဆီသို့ တစ်လုံးတစ်ဝတည်းပြန်လည်စေဖို့ ဆိုတာကကော ဘာကိုဆိုလို ဘာသလဲ။
လူတွေက သုံးဆယ့် တစ်ဘုံထဲကို မရောက်မှီ ဘယ်အခြေအနေမှာ ရှိခဲ့ပါသလဲ။ အဲ့ဒီ အခြေအနေက ဘယ်လိုကြောင့် သုံး ဆယ့်တစ်ဘုံထဲမှာ ဖြစ်လာရပါသလဲ။ မိတ်ဆွေ စဉ်းစားကြည့်ပေးပါ။ ဒါဆို နဂိုအစနဲ့ နောက်ဆုံး အဆုံးရဲ့သဘောကို မိတ် ဆွေ စတင်နားလည်လာပါလိမ့်မယ်။

အရှင်မြတ်သည် မိမိအလိုတော်ရှိသော သူအား လမ်းမှားစေတော်မူ၍။ မိမိအလိုတော်ရှိသောသူကို လမ်းမှန်သို့ ညွှန်ပြ တော်မူသည် (743း1) ဟု ကုန်အာန်တွင် ဆိုထားပါသည်။ သို့သော် ကုန်အာန်အရပင် ကျွန်ုပ်တို့ သိရသည်မှာ အလ္လာဟ် အရှင်မြတ်သည် လူသားကို ဆင်ခြင်တုံတရား၊ အသိဉာဏ် လွပ်လပ်စွာ ရွေးချယ်နိုင်သော စိတ်အလိုဆန္ဒကို ပေးထား တော်မူပြီး အကောင်းနှင့် အဆိုးကို မိမိဆန္ဒအလျောက် ရွေးချယ်ခွင့်ပြုထားပါသည်။ သို့ဖြစ်လျင် အဆိုပါနှစ်ခုကို မည်သို့ပြန် လည်သင့် မြတ်ဟပ်စပ်နိုင်မည်နည်း။
မိုင်းယရှားအ် ဆိုတဲ့ စကားလုံးက- ကြိုတင်ပြထားပြီး ပြဌာန်းချက်အတိုင်း စံချိန်ပြည့်မှီခြင်းကို ခေါ်ဆိုပါတယ်။ ဥပမာ အပူ ချိန် ဒီဂရီ ဘယ်လောက်မှာ ရေဟာ အရေပျော်မယ်၊ အပူချိန် ဒီဂရီ ဘယ်လောက်မှာ ရေဟာ အခဲ ဖြစ်မယ်-၊ ဆိုတာ လော ကထဲမှာ သတ်မှတ်ပြီး ပြဌာန်းချက် ဥပဒေ ဖြစ်ပါတယ်။ အလားတူပဲ- အမှန်နဲ့ အမှားမှာ ဒီဂရီ ရှိပါတယ်။ ဥပမာ လူတစ်ဦး ဟာ ကားရဲ့ မောင်းသူ လက်ကိုင်ကွင်းကို ဘယ်လောက်လှည့်လိုက်ရင် လမ်းကချော်သွားမယ်၊ ဘယ်လောက် တည့်လိုက် ရင် လမ်းမှန်ပေါ် ရောက်မယ်ဆိုတာက ကြိုတင်ပြဌာန်းချက်ဖြစ်တယ်။ (ကားမှာ တပ်ဆင်ပြီး ဆုံလည်နဲ့ လမ်းရဲ့ အကွေ့ အချိုးဟာ အဲ့ဒီကားသမား ကားမမောင်းမှီကတည်းက ရှိနေတဲ့ အရာဖြစ်တယ်။) ဒီမှာ ကားမောင်းသူက- သူ့ဉာဏ် အလျှောက် မောင်းဘို့လည်း လိုတယ်။ (ဒါပေမယ့် ကောင်းမောင်းသူရဲ့ လုပ်ဆောင်ခြင်းက လမ်းတည်ရှိမှု၊ ကားဆုံလည် တည်ရှိမှုထက် နောက်ကျတယ်နော်။)- ဒီလိုပဲ မိုင်းယရှားအုလ္လာဟ် ဆိုတာက အလ္လာဟ်အရှင်က လောကအတွက် ကြိုတင် ပြဌာန်းပြီး ဓမ္မ၊ ဥပဒေ၊ သီအိုရီ-ရဲ့ ဒီဂရီ စံချိန် ဖြစ်တယ်။ အဲ့ဒီမှာ လူတစ်ဦးက ဘယ်လောက်မှားချင်လည်း မှားလို့ ရသလို၊ ဘယ်လောက် မှန်ချင်လည်း မှန်လို့ရတယ်။ (မှားချင်မှု၊ မှန်ချင်မှု “ချင်” ဆိုတဲ့ ဆန္ဒက တစ်သီးပုဂ္ဂလ အသိဉာဏ်ပေါ်မှာ မူ တည်တယ်။) အဲ့ဒီဆန္ဒက ကြိုတင်ရှိပြီး စံချိန်ကို ဘယ်လောက်ချိုးဖေါက်သလဲ ဆိုတာက လူတစ်ဦးချင်းပေါ် မူတည်ပါ တယ်။ (အခြားသတ္တ၀ါများမှာ အဲ့ဒီ အခွင့်အရေး မရပါ။) (စံချိန် အလျှောက် ဆိုတဲ့ စကားလုံးကို islammyanmar.com ထဲ က ကုရ်အံဘာသာပြန် အောက်ခြေ ၂း၇၀ မှာ ကြည့်ပါ။) နားမလည်ရင် ဆက်လက် ဆွေးနွေးနိုင်ပါတယ်။

သေဆုံးမည့်အချိန် သေဆုံးမည့်ပုံစံသည် သတ်မှတ်ပြီးဖြစ်လျင် လူသတ်သမားသည် မည်ကဲ့သို့ အပြစ်ထိုက် နေသနည်း။
လူတစ်ဦးဟာ ဓါတ်ခဲတစ်လုံးလိုပါပဲ။ ဓါတ်ခဲမှာ ဓါတ်ခဲကိုယ်ထည်ရှိလို့ ဓါတ်အား ဆိုတာတည် နေတယ်။ အဲ့လိုပဲ လူမှာ ခန္ဓာ ဆိုတာ ရှိလို့ အသက်က ခန္ဓာမှာ တည်နေတယ်။ ဓါတ်ခဲကို ထုတ်လုပ်တဲ့ ကုပ္မဏီက ၁ နှစ်ခံမယ်- သတ်မှတ်ချိန်နဲ့ ထုတ်ပေးလိုက်တယ်။ (တစ်ကယ်လို့ အသုံးပြုအား ဘယ်လောက်ရှိရင် ဘယ်လိုခံနိုင်ရည်ရှိတယ်။ မသုံးပဲ ထားရင် ၁ နှစ်ခံ မယ် စသည် ဖြင့်ပေါ့။)--။ ဒီမှာ ဓါတ်ခဲကို ကားနင်းသွားတယ် ဆိုပါတော့--၊ ကုပ္မဏီ သတ်မှတ်ထားသလို မဟုတ်ဘဲ- ဓါတ် အားက အားကုန်သွားပါမယ်။ ဒါက မီးစာကုန် ဆီခန်း မဟုတ်ဘူး။ ခန္ဓာပျက်သွား လို့ သူ့မှာ တည်တဲ့အား တည်မနေနိုင် တော့တာပါ။
အလားတူပဲ လူကို သက်တမ်းနဲ့ အလ္လာဟ်အရှင်က ပြဌာန်းထားတယ်။ ဒါကို လူတစ်ဦးက အခြား လူတစ်ဦး တည်နေမယ့် အသက်ကို တည်မနေနိုင်အောင် ခန္ဓာကို ဖျက်ဆီးလိုက်တယ်။- ဆိုရင် အဲ့ဒီ ဖျက်ဆီးတဲ့သူမှာ အပြစ်ရှိပါတယ်။ ကိုယ့် ကိုယ်ကို ဖျက်ဆီးရင်လည်း ကိုယ်ကိုယ်တိုင် အပြစ်ရှိပါတယ်။

သီတဂူဆရာတော် ပောာကြားသော တရားတော်တစ်ခုတွင်- အခြားဘာသာများတွင် သူတို့၏ ဘုရားသခင် (သို့) ဘာသာ ရေး ခေါင်းဆောင်များ၏ လူံဆော်မူကြောင့် ဘာသာရေးစစ်ပွဲများ ဖြစ်ပွားခဲ့သည်။ ဗုဒ္ဓကြောင့် မည့်သည့်စစ်ပွဲမှ မဖြစ်ပွားခဲ့၊ မည်သူ တစ်ဦးတစ်ယေက်မှ သွေးမစွန်းခဲ့ဟုဆိုသော စကားသည် မှန်ကန်ပါသလား။ ကျေးဇူးပြု၍ ဖြေကြားပေးစေလိုပါ သည်။
အဲ့ဒီ ဆရာတော်က ဘယ်ဘာသာတရားကိုမှ မကြေညက်လို့ ပြောခြင်း ဖြစ်တယ်လို့ မှတ်ချက်ပေးလိုပါ တယ်။ သူပြောလို တဲ့ ခရစ်ယာန်၊ အစ္စလာမ်၊ ဂျူး၊ ဟိန္ဒူများမှာ “လူတွေကို လိုက်သတ်နေဘို့ ဟောထားတဲ့ ကျမ်းချက် မရှိပါ။ (မူရင်းတွေမှာ ပြောတာပါ။ ဘာသာပြန်များ အထကထာများကတော့ သက်ဆိုင်ရာ ဘာသာပြန်သူရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။) သစ္စာတရား ကို တိုက်ခိုက်ရန်ရှာလာသူများကိုသာ သစ္စာတရားရဲ့ ရန်ဘက်အဖြစ် သတ်မှတ်ခံယူစေပြီး တော်လှန်စေဘို့ကိုပဲ သွန်သင် တာ ရှိပါတယ်။ ဗုဒ္ဓလို့ သူတို့ပြောနေတဲ့ ရှင်ဂေါတမလည်း တော်လှန်ရေး လုပ်ခဲ့တာပဲ။ သူနဲ့ ဂိုဏ်းမတူတဲ့ လူများ ဘုန်းကြီး ကျောင်း လာဆောက်တာကို ကျောင်းဆောက်ခွင့်မပြုဘို့ ကောသလမင်းကို အင်အားသုံး ခြိမ်းခြောက်ခဲ့တယ်။ ကောသလ မင်းက အဲ့ဒီ အတိုက်အခံကျောင်းကို ပိတ်ပေးခဲ့ရတယ်။ ပြီးတော့ လဇ္ဇီတိုင်းသားများကို အဇာရသတ်မင်းက မျိုးပြုတ် သတ်ဖြတ်မှာကို သူ့ကို တိုင်ပင်တော့ သူမတားမြစ်ခဲ့ဘူး။ သူက (အခြားပုဂ္ဂိုလ်များ ကိုယ်တော်မုဟမ္မဒ်၊ ကိုယ်တော်ယေရှု၊ ကိုယ်တော် မောရှေ တို့လို ဘုရင် မဟုတ်ဘူး၊) ဘာသာရေးကို သီးသန့်ကိုင်တဲ့ ဘာသာရေးခေါင်းဆောင် ဆိုတော့ နိုင်ငံ ရေးကို ကိုင်တဲ့ လူနဲ့ အာဏာကို ဝေယူထားတာ၊ သတ်စရာရှိရင် နိုင်ငံရေး သမားများကိုသာ အာဏာသုံး သတ်ဘို့ တွန်းပေးတာပါ။ (ဘရုဇတ် ကို ဖတ်ကြည့်ပါလို့ အဲ့ဒီ ဆရာတော်ကို ပြောပြလိုက် ပေါ့။)

ချစ်ခင်လေးစားစွာဖြင့်

Bottom 2

ဝေဖန်အကြံပြုလိုပါက

Ĭ