About Me

ဖြိုး အလ်ဝိုင်
View my complete profile

ဘာသာခြားများ မေးခွန်းအတွက် အဖြေများ (၆)


ဘာသာခြားများ မေးခွန်းအတွက် အဖြေများ (၆)



တချို့က ပြောကြတယ် အလ္လာရှင့်မြတ်နဲ့ တိုက်ရိုက်ပက်သက်တာက ဥာဏ်စဉ်နဲ့ ပါဝါဆိုရင် ဘာတွေဆုတောင်းဖူးလဲ ဘယ် လိုဆုတောင်းတွေပြည့်လဲ? ထိုင်နေလို့ကော ဆုတောင်းပြည့်တာရှိလား? ကိုယ်လုပ်မှကိုယ်ရတာ မလုပ်ပဲနေရင်မရဘူး။ ဒါ ကြောင့် ဆုတောင်းခြင်းက အပိုအလုပ်ပါလို့ ဘာသာခြားတယောက်မှ ထောက်ပြလာပါတယ်။

ဆုတောင်းခြင်းကို ဘာသာတိုင်းက လက်ခံတယ်။ ဒါပေမယ့် စုပေါင်း ဆုတောင်းဝတ်ပြုခြင်း နည်းမျိုးနဲ့ ခရစ်ယာန်က သာ သနာပြုတော့ ဗုဒ္ဓဘာသာတွေ အများကြီး ခရစ်ယာန်ထဲကို ပါသွားတယ်။ (နားမလည်ရင် ရှင်းပြပါမယ်။) ဒါကြောင့် ယခုအ ခါ ဗုဒ္ဓဘာသာ ပညာတတ်တွေက ဆုတောင်းခြင်းဆိုတာ မရှိဘူး၊ ဆုတောင်းဘို့ မလိုဘူးလို့ ပြောဟော ၀ါဒဖြန့်ချီ လာကြပါ တယ်။ တစ်ကယ်တော့ သူတို့က လိမ်နေတာပါ။ ဘုရားဆုပန်တယ်- ဆိုတာမျိုး၊ အင်မတန်ကြောက်ရွံ့တဲ့ကာလ အခြေအ နေမှာ သံဗုဒ္ဓေ ဂါထာကို ရွတ်တာမျိုး၊ ရွှေတဂုံဘုရားကို လက်အုပ်ချီ ရှိခိုး ဦးချပြီး ဆုတောင်းတာမျိုး- လူတိုင်း လုပ်နေတာ ပဲ။
လူတွေမှာ ပါဝါ ဆိုတာ ရှိတယ်။ ဥပမာ- ညီလေးက လူအုပ်ကြီးရှေ့မှာ စကားပြောတယ် ဆိုပါတော့ အဲ့ဒီ လူအုပ်ကြီးက ကိုယ့်ကို ကောင်းကြီးသြဘာပေးရင် ခံစားမှုတစ်မျိုး ထွက်ပေါ်တယ်။ ဆဲဆိုကြိမ်းမောင်း ခရမ်းချဉ်းသီးနဲ့ ပစ်ရင် ခံစားမှု တစ်မျိုး ထွက်ပေါ်တယ်။ (စိတ်ဆိုးတာ၊ ၀မ်းသာတာနဲ့ မတူဘဲ သီးခြား ခံစားမှု တစ်မျိုးထွက်ပေါ်တယ်) အဲ့ဒါဟာ ပါဝါရဲ့ နောက်ခံပါ။ ဒါကြောင့် လူအများက မိမိကိုယ် ဆုတောင်းပေးခံရအောင် ကြိုးစားကြလို့ ပြောတာပါ။ တနည်းအားဖြင့် လူ အများက မိမိကို မေတ္တာသက်လာအောင် မိမိဘက်က ကောင်းအောင်ကြိုးစားဘို့ ပြောဆိုခြင်း ဖြစ်တယ်။
နောက်တစ်ခုက မိမိတစ်ဦးတည်း မိမိကိုယ်မိမိ ဆုတောင်းခြင်းက “မိမိကိုယ်မိမိ သတိဖေါ်ဆောင်ခြင်း ဖြစ်တယ်။” ဥပမာ “ကျွန်တော် စာမေးပွဲ အောင်မြင်လိုပါ၏” လို့ ဆုတောင်းနေသူဟာ သူ့ကိုယ်သူ စာမေးပွဲ အောင်ချင်တဲ့ စိတ်ဖြစ်တည်လာ အောင် စိတ်ကို သတိပေးနေခြင်း ဖြစ်တယ်။ ဒါပေမယ့် ပါးစပ်ကသာ ပြောနေပြီး လက်တွေ့ မပါတဲ့ သဘောကို အစ္စလာမ် က ပိတ်ပင်ထားပါတယ်။ တနည်းအားဖြင့် မိမိကိုယ်မိမိ သတိဖေါ် ပေးနေပြီး တစ်ကယ် လုပ်လိုစိတ်၊ ကြိုးစားလိုစိတ် ဖြစ် ပေါ်လာအောင် လုပ်ဆောင်ရပါတယ်။ (အထူး အခြေအနေမှာ ပါဝါကို စုပြီးသား လူသား ဆိုတာ ရှိတယ်။ အင်မတန် ရာ နှုန်း နည်းတယ်- သူကတော့၊ အခု ငြုတ်သီးစား အခု စပ်-၊ ဖြစ်တယ်။ အခုတောင်း အခုရ ဖြစ်ပါတယ်။)
မရှိရာက ရှိလာတယ်ဆိုတဲ့ သဘောမှာ အစက်တစ်စက်က စတင်ဖြစ်ပေါ်စေတယ် ပေါ့နော် စတဲ့ ရုပ်နာမ်လောကကြီးကို ဖြစ်ပေါ်စေရာမှာ ရုပ်တစ်ခုခုက စရမှာပေါ့နော် စတဲ့ နေရာမှာ ဥုံဖွ ဆိုတဲ့ သဘောမပါပဲနဲ့  ဘယ်အရာတွေကစုပေါင်း စပ် ပေါင်းပြီးဖြစ်လာတာလဲ။ ကျွန်တော်စဉ်းစားလေ ဥာဏ်မမှီလေဖြစ်လာလို့ပါ-
အလ္လာဟ်က လောကဓမ္မ (Law) ကို အရင် ပြဌာန်းလိုက်တယ်။ Law ဆိုတာ ဖြစ်တည်လာစေမယ့် နိယာမ ဖြစ်တယ်။ အဲ့ဒီ law က မှ ဖြစ်တည်လာစေမယ့် အရာများကို ဖြစ်နေစေတာမျိုးပါ။ (ကုရ်အံ ၁၀း၃)
၁။ အရူးတွေ ကျပ်မပြည့်သူတွေကျတော့ သေပြီးတဲ့ အခါဘယ်ကိုသွားရမှာလဲ?
၂။ မွေးကာစတုန်းကတော့ အသိဥာဏ်ရှိတယ် ကိုယ်ဝန်ဆောင်မီးဖွားပြီးတော့မှ ပြန်မကောင်းတော့အောင် ရူးသွားတဲ့ သူ တွေ ကျတော့ ဘယ်ကိုသွားရမှာလဲ?
လူတစ်ဦးမှာ နောင်ဆက် ခံစားရမှာက “ရူးဟ်” ဆိုတဲ့ ထပ်ဆင့်ပံ့ပိုး ဉာဏ်ရဲ့ ၀န်ဆောင်မှု ကိစ္စ ဖြစ်တယ်။ အဲ့ဒီ ထပ်ဉာဏ် ၀န်ဆောင်နေတဲ့ ကာလ အတိုင်းအတာမှာပဲ နောင်ဆက်လက်မယ့် ကိစ္စအတွက် အကြုံးဝင်ပါတယ်။ ဓါတ်မီး တစ်လက် ရှိ တယ်။ ဓါတ်မီးထဲမှာ ဓါတ်ခဲ ထည့်ထားတယ်။ ဒါပေမယ့် မီးဖွင့်မယ့် ခလုပ်ကို မဖွင့်ထားရင် ဓါတ်ခဲရဲ့ အကြိုးဆက်က ဘာမှ ဖြစ်မလာပါ။ သူ့ရဲ့ အားကုန်မှုက ဓါတ်ခဲကို ဘယ်လောက် သုံးသလဲ ဆိုတာပဲ မူတည်ပါတယ်။ ဒါကြောင့် လူဖြစ်ပေမယ့် ရူးဟ်ကို အသုံးမပြုသေးတဲ့ မွေးကင်းစ ကလေးအရွယ်များနဲ့ ရူးဟ်ကို အသုံးပြုစရာ ချို့ယွင်းသွားတဲ့ နောက်ပိုင်းကာလများ မဆိုင်ပါ။ (နားမလည်ရင် ပြန်မေးပါ။)
တခါတရံ မမြင်ရသော လောကသားတွေပူးပြီး သူတို့သာသိနိုင်တဲ့ ကိစ္စတွေကို ဖော်ထုတ်ပြောဆိုတာတွေကို ကြုံဖူး ကြား ဖူး နေတာတွေဟာ ဘာကြောင့်လဲ?
ယျေဘုယ အားဖြင့် လူဆယ်သန်းမှာ (၁) ယောက်ကလွဲ ကျန်အားလုံးလူက မမြင်ရတဲ့ လောကသားတွေရဲ့ ပူးကပ်မှုကို ခံ ထားရတာပဲ။ လောလောဆယ် ဘုန်းကြီးတွေ ပါးစပ်က ပြောနေတဲ့ စကားက ဘယ်သူ့စကားလဲ- စဉ်းစားပါ။ သေချာအောင် စဉ်းစားပါ-၊ တစ်ကယ်စဉ်းစားရင် သူ့ရဲ့ မိရိုးဖလာ ဆရာစဉ်က သူ့ကို ပူးကပ်ပြီး ပြောဆိုနေခြင်းသာ ဖြစ်တယ်။ အလားတူ ဗလီဆရာများလည်း ဒီအတိုင်းပဲ၊ ခရစ်ယာန် ဓမ္မဆရာများလည်း ဒီအတိုင်းပဲ။
ပညာတတ် ဆိုသူတွေ ပြောနေတဲ့ စကားကရော--၊ ဘယ်သူ့စကားတွေလဲ။ အိုင်စတိုင်းက ပူးကပ်ပြောနေတာ၊ နယူတန်က ပူးကပ်ပြောနေတာ၊ သူလေ့လာနေတဲ့ စာပေဗဟုသုတများက ပူးကပ်ပြောနေတာတွေချည်းပါပဲ။ သာမန်လူသားတွေ ပြော ဆိုနေတာကရော ဘယ်သူ့စကားတွေလည်း- သတင်းဌာနမျာက ပြောဆိုမှု၊ ရပ်ကွက် ထဲက လူအများပြောဆိုမှုများက ပူး ကပ်ပြောနေခြင်းသာ ဖြစ်ပါတယ်။
တစ်ကယ့်အမှန် ဆိုတာက လူဆယ်သန်းမှာ တစ်ယောက်၊ လူသန်းတစ်ရာမှာ တစ်ယောက်၊ လူသန်း တစ်ထောင်မှာ တစ် ယောက်လောက်ပဲ ကိန်းဆိုက်တဲ့ ဉာဏ်ပါ။
ဒီတော့ လူသားတွေ အများကြီးကို ပူးကပ်နေသူများက အဲ့ဒီ လူတွေထက် သိတဲ့တတ်တဲ့ လူများက ပူးကပ်ခြင်း ဖြစ်တယ်-။
ဒီနေရာမှာ ပူးကပ်သူနဲ့ ပူးကပ်ခံရသူဟာ လူရဲ့ ဘယ်နေရာကို ပူးကပ်တာလဲ။ ခြေထောက်ကိုလား၊ လက်ကို လား၊ ဦး နှောက်ကိုလား၊ အသိစိတ်ကိုလား၊ ဆိုတာ ပြန်လည် ဆန်းစစ်ပါ။ ဒီလို ဆန်းစစ်ရင် အသိစိတ်နဲ့ စကား ပြောလိုမှု အာရုံကို ပူးကပ်တယ် ဆိုတာ တွေ့ရလိမ့်မယ်။
ပူးကပ်ခံရသူက ပူးကပ်သူက လွှမ်းမိုးတယ်။ ဒီလို လွှမ်းမိုးတာမှာ တိုက်ရိုက်လွှမ်းတာ ရှိသလို ထပ်ဆင့်ထပ်ဆင့် လွှမ်းမိုး တာ ရှိတယ်။
ဥပမာ- အိုင်စတိုင်းရဲ့ သီအိုရီက တတ်သိပညာရှင်များကို တိုက်ရိုက်လွှမ်းတယ် (လက်တွေ့ လိုက်လုပ်လို့)။  ကျောင်းသူ ကျောင်းသားများကို ထပ်ဆင့် လွှမ်းမိုးတယ်။ (ဆရာက တစ်ဆင့် သင်ပေးလို့)။ တတ်သိပညာရှင် များကရော၊ ကျောင်း သားများကပါ- သူတို့ပါးစပ်က အိုင်စတိုင်းရဲ့ သီအိုရီတွေကှို ပတ်ဝန်းကျင်ကြီးမှာ ထပ်ဆင့် ရေရွတ်တယ်။ ဒီမှာ ပတ်ဝန်း ကျင်ကြီးက ထပ်ဆင့် ကြားသိရတယ်။
အလားတူပဲ--၊ လူနာ တစ်ဦးကို စိတ်ပိုင်းဆိုင်ရာ လူနာ ကျွမ်းကျင်သူတစ်ဦးက အဲ့ဒီ လူနာရဲ့ စိတ်ကို လွှမ်းမိုးပြီး ဆရာ ပြော လိုတဲ့ စကားတွေကို ပြောစေခိုင်းနိုင်တယ်။ ဒီအခါမှာ လူနာက စိတ်ပိုင်းဆိုင်ရာ ခံစားမှုအလျှောက် အသံပြောင်းသွားနိုင် တယ်၊ တစ်ခြားသူတစ်ဦးက ပြောတဲ့ စကားများကို သူ့ပါးစပ်ကို အငှားခံပြောနိုင်တယ်။ ဒီဟာ ပညာရပ်တစ်ခုတည်းမှာ ပါဝင်ပါတယ်။ ဒါကို စုန်းပူးတယ်၊ နတ်ပူးတယ်လို့ ရှေးပဝေဏသီက သုံးနှုန်း ပြောဆိုခဲ့တယ်။ ဒါတွေဟာ ပညာရပ်တွေ ထဲ က ပညာရပ် တစ်ခုပါ ညီလေး။ (ေယ်ဘုယ ဒီလုိပဲ မွတ္ထားပါ။) လိုအပ်ရင် ဆက်လက်ဆွေးနွေးနိုင်ပါတယ်။
မျက်တွေ့လူအပါအ၀င် တိရိစ္ဆာန်တွေအားလုံး
1-ဘယ်ကလာပြီး
ပရမတ်ဇစ်မြစ် အလ္လာဟ် ဆီက လာတယ်။
2-ဘာကြောင့်သုခ ဒုက္ခရရှိပုံတွေတူညီမှုမရှိရတာလဲ-
ဒုက္ခ၊ သုခ ဆိုတာ ဆန္ဒရဲ့ ပုံဖေါ်ချက် မာယာမျှသာ ဖြစ်ယ်။- တစ်ကယ်တော့ အလိုက်သင့် စီးမြောနေခြင်းမျှသာ ဖြစ်တယ်။ ဘာဆို ဘာမှကို မရှိတာပါ။
3-နောက်ပြီး ဘယ်မှာချုပ်သွားမှာလဲ
နောက်ဆုံး ပရမတ်ဇစ်မြစ် အလ္လာဟ့်ဆီကို ပြန်လည်ပေါင်းစည်းသွားမယ်။
သေပြီးရင်ရောဘယ်ကိုသွားကြမှာလဲ
သေတယ် ဆိုတာကို ဘယ်ဘာသာတရားကမှ လက်မခံပါ။ ကူးပြောင်း ဖြတ်သန်းမှုသာ ဖြစ်ပါတယ်။
4-ဒီလိုတွေမဖြစ်အောင်ရောလုပ်လို့ရနိုင်လား
မိရိုးဖလာနဲ့ မကောင်းဆိုးဝါးများ ကူးကပ်ခံရခြင်းမှ လွတ်ကင်း အောင်လုပ်ပါ။ ပူးကပ်ခြင်း သဘောတရားကို အပေါ်မှာ ပြန် ကြည့်စေလိုတယ်၊ မကောင်းဆိုးဝါးများ ဆိုတာ ကြားဘူးနားဝ လိုက်ယုံတတ်တဲ့ အကျင့်ကို ဆိုလိုပါတယ်။
ဥပမာပေါ့ ဘာသာတိုင်း လူတိုင်းမှာ လူဆိုး လူကောင်း ဆိုတာရှိတယ် အကို။  စာတွေ အသိပညာ တွေရှိပြီး လက်တွေ့ မှာ ကျင့်ကြံအားထုတ်မှူမရှိတဲ့ လူတွေအများကြီးပါ။ အဲဒါက....စာပေတွေပဲသိလို့ အလုပ်မဖြစ်ဘူး ဆိုတာကို ကျွန်တော် သဘော ပေါက်လာတယ်....
မှန်ပါတယ်။ ဒါပေမယ့် အကိုတို့ ညီလေးတို့ ဆင်ခြင်သင့်တာက (ဆင်ခြင်ရမယ် လို့ မဆိုလို) လူတစ်ဦးက မှာ ခဲ့တယ်၊ ပြောခဲ့တယ်- ဆိုပြီး နောက်တစ်ဦးက တစ်ဆင့် ပြောပြတယ်။ ပြောပြတာကို နားထောင်သူတွေ ကလည်း ကောင်းနိုးရာရာ ထင်မှတ်ဘွယ်ရှိတယ်။ ဒါပေမယ့် လက်တွေ့ကျင့်ကြံဘို့ကြတော့ အတော်လေးကို မဖြစ်နိုင်တာတွေ တွေ့ရမယ်-၊ လောက ယုတ္တိနဲ့လည်း မစပ်အပ်ဖြစ်နေမယ်-၊ သို့မဟုတ် အကျိုး ဖြစ်သည့်တိုင် တစ်နာရီကျင့်ကြံမှ ငါးမီနစ်စာလောက် အဖတ်တင် မယ်-။ ဆိုတာနဲ့ နောက်နည်းလမ်းတွေ ရှိနေတယ်- တစ်နာရီ ကျင့်ကြံရင် မီနစ်သုံးဆယ်လောက် အဖတ်တင်တဲ့ နည်းလမ်း၊ တစ်နာရီကျင့်ရင် တစ်နာရီလောက် အဖတ်တင် တဲ့နည်းလမ်း-၊ စတာတွေ ရှိသေးရင် လူဟာ ဘယ်လမ်းကို ရွေးမလဲလို့ ဆင်ခြင်သင့်တယ်။ ဥပမာ- ခရီးပန်းတိုင် တစ်ခုကို ခြေလျှင်သွားလည်း ခရီးရောက်မယ်၊ ကားပေါ်လာတော့ ကားနဲ့သွား လည်း ခရီးရောက်မယ်၊ လေယဉ်နဲ့သွားရင်လည်း ခရီးရောက်မယ် ဆိုရင် တိုတောင်းလှတဲ့ လူ့ဘ၀မှာ ညီလေး အနေနဲ့ ဘယ်လမ်းကို ရွေးမလဲ။ ညီလေးက တကယ်စေတနာ မေတ္တာထားမိတဲ့ နောက်လူများ၊ မိတ်ဆွေများကိုလည်း ဘယ်လမ်းနဲ့ ညွှန်မလဲ-လို့ ဆင်ခြင်စေလိုတယ်။
ကိုယ်ကိုယ်တိုင်နေနိုင်ဖို့ သိလရှိဖို့လဲ လိုတယ် ဆိုတာ သိလာတယ်။
မှန်တယ်။ အလုပ်မပါတဲ့ အပြောဟာ အသုံးမ၀င်သလို၊ ဒသနတွေချည်း လျှောက်ပြောနေပြီး ကိုယ်တိုင် မကျင့်ရင်လည်း အသုံးမ၀င်ဘူး။ အလားတူ ဒသန မရှိ ဉာဏ်မရှိဘဲ သူများ ပြောသမျှ လိုက်လုပ်နေရင်လည်း ဆင်တစ်ကောင် အလုပ် လုပ်နေသလိုမျိုး ဖြစ်သွားနိုင်တယ်။ လူဖြစ်နေလျှက် ကျေးကျွန်အဆင့်ပဲ ညီလေး-၊ အပြန်အလှန် ဆင်ခြင်ပါ။
အနဲဆုံး လူတွေပြောနေတဲ့ သိုင်းကျမ်းတိုင်း အတိုင်း လူတိုင်းနေထိုင်ရင် ကောင်းကျိုး ရှိ မရှိ ဆိုတာ အကို ပိုသိလောက် မှာ ပေါ့။ အဲလိုနေထိုင်ရင် ဒီသိုင်းကျမ်းဟာ ကောင်းတယ်။ မနေနိုင်တဲ့ လူကျတော့ ဘယ်အကောင်းမြင်နိုင်မှာလဲ။ ရေသာခိုချင်တဲ့ သူကတော့ သက်သာတဲ့ လမ်းစဉ်လိုက်မယ်။ အရည်ချင်းကို အားကိုးတဲ့ သူက တော့ လုံ့ လ ဇွဲဉာဏ်ဆိုတဲ့  လူတွေ အားထား ရတဲ့ အရာတွေနဲ့ အမှန်ရှာဖွေကြတယ်လို့ ညီနားလည်ထားတယ်.........
လူတစ်ဦးက သို့မဟုတ် လူတစ်ချို့က သူတို့ မလိုရင် မလိုသလို ပြောဆိုတာမျိုးကို မခံစားပါနဲ့။ ကိုယ်တော် မုဟမ္မဒ်ကို လက်မခံသူများထဲမှာလည်း မုဟမ္မဒ်ဆိုတာ အကြမ်းဖက် ခေါင်းဆောင်ပဲ၊ မိန်းမတွေ အများကြီး ယူခဲ့သူပဲ ဆိုပြီး ပုတ်ခတ် တာတွေ အများကြီးပါ။ ဒီလို ပုတ်ခတ်နေသူများဟာ- သူတို့ အကုသိုလ်နဲ့ သူတို့ ရှိနေမှာပါ။ အကုသိုလ် ဆိုတာကို ဥပမာ ပြောပြမယ်-၊ ဥပမာ မြန်မာတွေကို ဂျပန်တွေ ရက်စက်ခဲ့လို့ မြန်မာက ဂျပန်ကို မုန်းတယ် ဆိုပါတော့၊ မုန်းတာထက် အ တိုင်းထက် အလွန်မုန်းသူများက အဲ့ဒီ မုန်းတီးစိတ်ကြောင့် ဂျပန်လုပ်ပစ္စည်းကို မသုံးဘူး၊ ဂျပန်မှာ ပညာသင်ခွင့်ရသော် လည်း သွားမသင်ဘူး ဆိုရင်--၊ အဲ့ဒီလူဟာ ဂျပန်ပြည်ရဲ့ တိုးတက်တဲ့ ပစ္စည်းများ၊ ဂျပန်ပြည်က ပညာများ၊ ဂျပန်မှာ သွား ရောက် အလုပ်လုပ်ရင်ရမယ့် ငွေကြေးများကို ခံစားခွင့် မရှိဘူးပေါ့။-၊ ဒါဟာ လက်ရှိမှာတင် သူ့အတွက် အကျိုးဆုတ်ယုတ် မှု (အကုသိုလ်) ပဲ ပေါ့။ ဒါကြောင့် လူတစ်ဦးနဲ့ လူတစ်ဦးကြားမှာ အတိုင်းထက် အလွန်မုန်းတီးမှုဟာ မုန်းတီးသူကိုသာ ထိ ခိုက် စေပါတယ်။ ဒီထက်ပိုပြီး ဂျပန်မုန်း မိဘတစ်ဦး သူ့သားသမီးကို ဂျပန်မှာ သွားရောက် အလုပ်လုပ်ဘို့ ပိတ်ပင် တားမြစ် ခဲ့ရင်- နောင်တစ်ချိန်မှာ အဲ့ဒီလူက ဆင်းရဲမွဲတေနေပြီး- သူ့သူငယ်ချင်းတစ်ဦးက ဂျပန်ကပြန်လာပြီး ရပ်ကွက်ထဲမှာ တိုက်ဆောက်၊ ကားစီး- သူ့ကြိုက်နေတဲ့ ကောင်မလေးကိုလည်း ပိုက်ဆံဂုဏ်နဲ့ လက်ထပ်သွားခဲ့ရင်-၊ အဲ့ဒီ ဂျပန်မုန်း လူသားရဲ့ သားသမီးရဲ့ တရားခံ ဘယ်သူ ဖြစ်မလဲ။ ဒါကြောင့် ကျမ်းတစ်ကျမ်းကို မယုံကြည် နိုင်ရင်တောင် မစော်ကားမိဘို့ လိုတယ်။ ဒီလို အကုသိုလ်မျိုးကို မိမိကိုယ်တိုင် မကျူးလွန်မိဘို့ သတိထားရ သလို ပုတ်ခတ်စော်ကားတဲ့ လူတွေကိုလည်း တတ်နိုင်တဲ့နည်းနဲ့ ယဉ်ကျေးစွာ စေတနာ ထားပြီး တားမြစ်ရပါမယ်။

ညီပြောသလို- ကောင်းတာမှန်ရင် ကိုယ်သိသလောက် လက်တွေ့ ကျင့်ယူရမှာပဲ။ ဘယ်သူပြောပြော ကောင်းတာဆို လက်ခံရမှာပဲ။

ဘာလုပ်လုပ်၊ ဘာဖြစ်ဖြစ် ကောင်းတာဖြစ်လာရင် ဘုရား “မ” လို့၊ မကောင်းတာဖြစ်လာရင်တော့ ဘုရားကြောင့် မဟုတ် ပြန်ရော။ ဘုရားဆိုတာ တရားမျှတမှုတော့ ရှိရမယ်။ လောကကြီးကို ဖန်ဆင်းရင် လောကကြီးကဖြစ်ပေါ်လာတဲ့ ပြစ်မှုတွေ ဟာ ဖန်ဆင်းသူနဲ့ တိုက်ရိုက်ပတ်သက်မှုရှိရမယ်။ တာဝန်ယူရမယ်။ မယူနိုင်ရင် သူဖန်ဆင်းတာဟာ လူတွေကို ဒုက္ခပေးတာ ပဲလေ။ သူလည်း ဒုက္ခပေးသေးတယ်၊ သူဘဲ အပြစ်တွေ ဆေးကျောဖို့ တောင်းဆိုရသေးတယ် ဆိုတာကတော့ မတရားဘူး လို့ ကျွန်တော်မြင်တယ်။ ကျွန်တော် အမြင်မှားတာတွေလည်း ပါမှာပါ။ အဲဒါကို အကိုရဲ့ စေတနာနဲ့ ထောက်ပြပေးပါ။

အကိုလည်း ဒီလိုပဲ ခံစား ယုံကြည်ပါတယ်။ အကို အခု စံ အဖြစ် ယုံကြည်တဲ့ ကုရ်အံကျမ်းကလည်း ဒီအတိုင်းပဲ ပြဆိုပါ တယ်။ (စံအဖြစ် လက်ခံယုံကြည်တယ် ဆိုလို့- အခြားသော ဘာသာကျမ်းတွေကို မယုံကြည်ဘူး အကုန်မှားတယ် လွှင့်ပစ် ရမယ်လို့ မဆိုလိုဘူးနော်၊- စံ ဆိုတာ ပေတံကို ခေါ်တာပါ။ တစ်နည်းအားဖြင့် ချိန်ကိုက် ကြည့်နိုင်တဲ့ အရာ သဘောပါ။) အ ကို့ အတွေ့အကြုံအရ အဲ့ဒီ စံကို များများ ဖတ်ပြီး- အဲ့ဒီ စံကို ပြန်အံထုတ်ကာ အခြားကျမ်းတွေကို ဖတ်ကြည့်ရင်-၊ ဒါက ဘု ရားဟော အစစ်၊ ဒါက အထကထာ ဆရာက ဥပမာပေးရှင်းတာ၊ ဒါက ဘယ်လို ဆိုပြီး နားလည်ရ ပိုလွယ်သွားပါတယ်။ အဲ့ လို နားလည်သွားတဲ့အခါ- အကို ပထမရှင်းပြသလို ကိုယ်တော်ဂေါတမရဲ့ တစ်ကယ့်ဘ၀နဲ့ မိရိုးဖလာတို့ ပြောတဲ့ဘ၀ ကိုယ် တော်ယေရှုရဲ့ တစ်ကယ့်ဘ၀နဲ့ မိရိုးဖလာတို့ ပြောတဲ့ ဘ၀၊ ကိုယ်တော်မုဟမ္မဒ်ရဲ့ တစ်ကယ့်ဘ၀နဲ့ မိရိုးဖလာတို့ ပြောတဲ့ဘ၀ လုံးဝ မတူဘူး ဖြစ်သွားတယ် ဆိုတာကို ခံစားရပါတယ်။ အဲ့ဒီ အခါမှာ ဒီပုဂ္ဂိုလ်တွေကို ယုံကြည်မှု၊ လေးစားမှု၊ စံထားမှုတွေ ပိုများလာပြီး အခုပြောနေတဲ့ မိရိုးဖလာများကို ပြန်လည် ကရုဏာ သက်မိတယ်။ မိရိုးဖလာ ယုံကြည်မှုများက ဘယ်က လာ ခဲ့သလဲ။ ဘယ်ခေတ်လောက်က စခဲ့သလဲ ပိုပြီး သိလာရတယ်။ တစ်ကယ်တော့ အစဉ်အလာ ယုံကြည်နေရသူများဟာ မုန်းတီးဘို့ ကောင်းသူများ မဟုတ်ပါ။ ကရုဏာသက်ဘို့ ကောင်းတဲ့ လူများသာ ဖြစ်ပါတယ် ညီလေး။ ညီလေးတို့ခေတ်မှာ အကိုတို့ထက် ပိုမို သိလာနိုင်မယ့် အကြောင်းအရာများ ရှိနေပါတယ်။ နှလုံးသားကိုသာ တတ်အားသမျှ ဖွင့်ထားပါ။ ဘယ် ဘာသာကို ယုံပါစေ သူဟာ မိရိုးဖလာထဲမှာ နစ်နေရင် ပုံပြင်တွေ ဒဏ္ဍာရီတွေ ကြားထဲမှာပဲ မြုပ်နေမှာပါ။ သူ့အတွက် အ၀ိဇ္ဇာခေါ် အမှောင်ထဲက ထွက်လမ်းမရှိဘူး ညီလေး။ စံပြုအပ်တဲ့ ပုဂ္ဂိုလ်တွေကို ယုံကြည်ပါတယ် ဆိုပြီး သူတို့ပြောခဲ့တာ ကို တစ်ကယ် မသိ မလေ့လာမိဘဲ ဘုန်းကြီးတွေ၊ ဗလီဆရာတွေ၊ ဓမ္မဆရာတွေ၊ ဓမ္မစရိယတွေရဲ့ အာဘော်တွေနောက် လိုက်နေမိရင်တော့- အခုလိုပဲ- ပုတ်ခတ်တဲ့သူများက ပုတ်ခတ်လိုက်၊ ဆဲဆိုသူများက ဆဲဆိုလိုက်နဲ့ အေးအေးနေသူတွေ လည်း မနေရ၊ အနှောင့်အယှက်တွေ ဖြစ်နေမှာပေါ့။

တစ်ခုပဲ ပြောလိုတယ်---၊ ဘာသာတိုင်းမှာ ရိုးရိုးအေးအေးနဲ့ အစဉ်အလာ လေး နေသူတွေ ရှိတယ်။ ကိုယ်က ဘာသာ တစ်ခုကို စော်ကားလိုရင်တောင် အဲ့ဒီ ရိုးအေးတဲ့ လူတွေရဲ့ မျက်နှာကို ပြန်မြင်ယောင်ပါ-၊ အဲ့ဒီ လူအေး ရိုးသားသူတွေကို မထိခိုက်မိအောင် ရှောင်ပါ။ အဲ့လို စိတ်မျိုးထားရင် ဘယ်သူ့ကိုမှ မစော်ကားမိတော့ဘူးလေ။ ဒီလို ကျင့်ကြံတာ အကောင်း ဆုံးလို့ အကို မြင်တယ် ညီလေး။ အကို ဆိုရင် အကို လေ့လာထားသမျှနဲ့ သူတစ်ပါးကို စော်ကားလိုရင် ဘယ်ဘာသာမှ န လန်ထူနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဘာအကျိုး ရှိမလဲ--၊ ဒီလို တွေးပြီး ဘ၀ကို တစ်သက်လုံး တည်ဆောက်ခဲ့တော့ အကို စိတ်အေးရတယ်၊ ဘယ်သူ့ကိုမှ ဘယ်တုံးကမှ မစော်ကားမိတဲ့အတွက် ကျောလုံတယ်၊ နှလုံးအေးတယ်-၊ သိလိုတာတွေ ပိုမို သိလာတယ်။

တစ်ခုတော့ ရှိတယ်- အကိုက ဘုန်းကြီးများ၊ ဗလီဆရာများ၊ ဓမ္မစရိယများ၊ ဓမ္မဆရာများနဲ့တော့ အတိုက်အခံ ရှိတယ်။ ဒါ လည်း သူတို့ကို ထိုင်စားနေမယ့် လူတန်းစား အဖြစ်က- လူသားအကျိုးပြု စာရိတ္တပြုပြင်ပေးသူများ အဆင့်ကို ရောက် စေချင်လို့သာ ဖြစ်တယ်။ သူတို့တွေ ပပျောက်သွားပါစေ ဆိုတဲ့ ရည်ရွယ်ချက်မပါဘူး။ သူတို့ တွေ ပျောက်သွားလို့လည်း မဖြစ်ဘူး-၊ သူတို့က စာရိတ္တပြုပြင်ရေး ဆရာများ အဖြစ် လူသားအကျိုးပြု လုပ်ငန်း တွေလုပ်ဘို့ လိုအပ်တယ်။ ဒါမှ မြန်မာ ပြည် အပါအ၀င် နိမ့်ကျနေတဲ့ နိုင်ငံတွေ တိုးတက်လာမယ်လို့ အကိုမြင်မိ တယ်။
အကို့ကို လွတ်လပ်စွာ ဆွေးနွေးနိုင်တယ်- ညီလေး။
လေးစားစွာဖြင့်

Bottom 2

ဝေဖန်အကြံပြုလိုပါက

Ĭ