မေး။
အစ္စလာမ်ဘာသာရဲ့ စံပြဖြစ်တဲ့ တမန်တော် မိုဟာမက် ဟာ ဘာတာရားတွေ
ကျင့်လို့ ကုရ်အာန်ဆိုတဲ့ ကျမ်းကို ရရှိတာ လဲ။ ပြောပြနိုင်ရတာလဲ အလ္လာရှင်မြတ်ဆီက ကျတယ်ဆိုတာကတော့
အစ္စလာမ်ရဲ့ ယုံကြည် ချက်ပေါ့နော်။ ဒါပေမယ့် ကျွန်မက အစ္စလာမ် မဟုတ်ဘူးလေ။ ဗုဒ္ဓဘာသာလေ။
နောက်တစ်ချက်က တမန် တော် မိုဟာမက် လက်ထက်က သူနဲ့အတူတူ မွေးချင်းတွေ အများကြီးရှိတာပဲ။
မွေးနေ့ မွေးရက်တူတဲ့ သူကို ပြောတာနော်။ အဲဒီလူတွေကို တမန်တော်အဖြစ် ဘာလို့မရွေးပဲ မိုဟာမက်ကိုမှ တမန်တော်အဖြစ်
ရွေးရ တာလဲ။ ပြီးတော့ သူလူဖြစ်လာတာ တမန်တော်ဖြစ်ဖို့လား မွေးပြီးမှ အရွေးချယ်ခံရတာလား။
ဘယ်လို အ ကြောင်းတွေကြောင့် သူ့ ကိုရွေးချယ်ပါသလဲ။
ဖြေ။
ကုရ်အံကျမ်းက သူ့ရဲ့ အတ္ထုပ္ပတ္တိကို မဖေါ်ပြပါ။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာတွေကိုလည်း
မပြောပါ။ သူဟာ လူသားတစ်ဦးဖြစ်လို့ လူသားပီပီ စကားတွေပြောခဲ့မယ်။ ဆုံးမခဲ့မယ်။ သွန်သင်ခဲ့မယ်။-
ဒါတွေက လူသားတစ်ဦးဘ၀နဲ့ အတွေ့အကြုံများ ပေါင်းစပ် ပြီး ပြောဟောမှုများ ဖြစ်ပါတယ်။
ဒါမျိုးကို ကုရ်အံကျမ်းအဖြစ် မှတ်တမ်း မ တင်ပါ။ ကုရ်အံကျမ်းအဖြစ် မှတ်တမ်းတင်တာက “သူ့ဆီမှာ
ကိန်းဝပ်သိမြင်တဲ့ ဉာဏ်စဉ်သိ ဓမ္မ စစ်စစ်” သာ ဖြစ် ပါတယ်။ ဒီတော့ သူဟာ ဉာဏ်စဉ်
ပေါက်မြောက်ဘို့ ကျင့်ကြံ ခဲ့သလဲဆိုတာမှာ- ကိုယ်တော်ဂေါတမ ငယ်ဘ၀ လေ့ကျင့်ခဲ့သလို
လွဲချော်နေတာတွေ၊ ခရီးမရောက်နိုင်တာတွေစတဲ့ အခက် အခဲတွေ ရှိခဲ့ပါမယ်။ ဒါကြောင့်
နောက်လူများ အဲ့လိုမလွဲချော်ရအောင် “ကုရ်အံက သွန်သင်လမ်းပြတဲ့ နည်း” အတိုင်း
ကျင့်ကြံဘို့ကို သွန်သင်ပါတယ်။
သူဟာ- ငယ်စဉ်ကပဲ ပတ်ဝန်းကျင်ရှိ မိရိုးဖလာ ဘာသာရေးအစဉ်အလာကို
မခုံမင်ခဲ့ဘူး။ ဒါကြောင့် သူဟာ မိရိုး ဖလာ သွန်သင်တဲ့ ဆရာကြီးများဆီမှာ ဘာသာရေးအရ
မဆည်းကပ်ခဲ့ဘူး၊ ဒါကြောင့် မိရိုးဖလာကြီးက သူ့ကို “လမ်းလွဲနေသူ” လို့ သမုတ်ပါတယ်-
(ကုရ်အံ ၉၃း၇)။ သူဟာ ဆရာမကူဘဲ သိမြင်ခဲ့တဲ့အတွက် သူ့ကို အွမ္မီ (ဆ ရာသမား၊ စာပေသြဇာ
ကင်းလွတ်သူ) လို့ ခေါ်ပါတယ်။ (၇း၁၅၇)။ (ဒါလေးကို နောက်ဆက် ရှင်းပေးပါမယ်။)
သမိုင်းအရ ကိုယ်တော်ဟာ အသက် ၂၅ မှ ၄၀ ထိ (၁၅ နှစ်)
ဟီရာဟ်လှိုင်ဂူထဲမှာ ညစဉ် ကျင့်ကြံ အားထုတ်ပါတယ်။ သက်တော်လေးဆယ်မှာ သိလိုရာကို
သိနိုင်အား ဉာဏ်စဉ်ကို စတင်ရရှိပါတယ်။ အဲ့ဒီ ဉာဏ်စဉ်သိ ဓမ္မ ကိုပဲ ကျမ်းမြတ်ကုရ်အံ အဖြစ် မှတ်တမ်းတင်ပါတယ်။
အချုပ်ပြောရရင်- မိရိုးဖလာ အစဉ်အလာ ဦးနှောက်ပုံသွင်းထားတဲ့
ဘာသာရေးကျင့်စဉ်များကို ဆန့်ကျင်လျှက် သို့မဟုတ် မှိုင်းမ မိစေဘဲ အရာတိုင်းကို
ဆင်ခြင်သုံးသပ်တတ်တဲ့ အလေ့အကျင့်နဲ့ စရတယ်လို့ ကုရ်အံ သွန်သင်တယ်။
လူသားတစ်ဦးအား ရွေးချယ်ခြင်း
ကျမ်းတော်က ပြောတဲ့ အလ္လာဟ် ဆိုတာ၊ ကောင်းကင်ဗိမာန်မှာ
စိုးမိုးနေပြီး လောက လူသားအပေါင်းကို မင်းမူ အုပ်ချုပ်က သူကြိုက်ရာလူကို
ရွေးချယ်ပြီး သူကြီးခန့်တဲ့ ဘုရားမျိုး မဟုတ်ပါ။
အလ္လာဟ်အရှင် ဂုဏ်တော်က ကရုဏာရှင် အကြင်နာရှင် ဖြစ်တယ်။ သဗ္ဗေသတ္တာ
သတ္တ၀ါအပေါင်း၊ ရုပ်နာမ် အားလုံးပေါ် ကရုဏာဓါတ်တော် လွှမ်းခြုံထားတယ်။ ဒါကြောင့်
အဲ့ဒီ ကရုဏာဓါတ်တော်က တစ်ဦးတစ်ယောက် တည်းဆီကိုသာ သီးသန့် ကိန်းဝပ်တာ မဟုတ်ပါ။
ဒါကြောင့် ရွေးချယ်တဲ့ ဆိုတဲ့ စကားလုံးက၊ ပရမတ်ဘုရားက လူ့ပြည်လူ့ရွာကို ကယ်တင်ရန်
လူအဖြစ် ၀င်စားမွေးဘွားတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ကွဲပြားအောင် ရှေးဆရာတော် ကြီးများက
ဘာသာပြန်ဆို ပြောပြတဲ့ စကားလုံးသာ ဖြစ်ပါတယ်။
လူတစ်ဦးဟာ တစ်စုံတစ်ခုမှာ ပေါက်မြောက်စေဘို့အတွက်
မျိုးဆက်လိုပါတယ်။ ဒါကို အစ္စလာမ်က ရှေ့ဘ၀လို့ ခေါ်တယ်။ ဒါလေး ကို အနည်းငယ်
ရှင်းပြပါမယ်။ လူတစ်ဦး ဖြစ်တည်လာစေမယ့် နိယာမမှာ သူ့မိခင် ဖခင်ရဲ့ မျိုး စေ့ရည်
ပါဝင်ပါတယ်။ အဲ့ဒီ မျိုးစေ့ က အဲ့ဒီ လူသားရဲ့ စားသောက် ရှုရှိုက်စုဆောင်းခဲ့တဲ့
အရာများက ဖြစ်တည် လာစေပါတယ်။ ဥပမာ- သမီးလေး တစ်ဦး ဆိုပါတော့၊ သူဟာ
မိန်းကလေးဖြစ်လို့ “သားအိမ်လေး” ပါဝင်ပါမယ်။ ဒါပေမယ့် သူ့ကို အရွယ်မရောက်မှီ အိမ်ထောင်ပြုပေးရင်
အဲ့ဒီသား အိမ်လေး ပါငြားသော်လည်း သူ့အနေနဲ့ ကလေးမရနိုင်သေးပါ။ သူဟာ မျိုးစေ့ဖြစ်ထွန်းဘို့၊
အောင်မြင်ဘို့ လိုအပ်တဲ့ ဓါတ်စာတွေကို စားသုံးရပါဦးမယ်။ အလားတူပဲ သားယောက်ျားလေး
တစ်ဦးလည်း ဒီအတိုင်းပါပဲ။
လူတစ်ဦးဟာ မူးယဇ်ဆေးသုံးတယ် ဆိုပါတော့၊ သူ့ရဲ့ မျိုးစေ့ရည်ထဲက
မျိုးအောင်မယ့် သားလောင်း သွေးဥ လေးမှာ ထုံထိုင်းစေ တဲ့ ဓါတ်ပါဝင်နိုင်ပါတယ်။
သန်းပေါင်းများစွာ မျိုးဥထဲက အကယ်၍ အဲ့ဒီ ထုံထိုင်းမှု ဓါတ် ကိန်းနေတဲ့ မျိုးဥလေးသာ
မျိုးအောင်ပြီး လူဖြစ်လာရင် မွေးလာတဲ့ကလေးက ထုံထိုင်းပြီး ဉာဏ်ရည်ကို ထိခိုက် စေနိုင်ပါတယ်။
(ဒီပြသနာကို အခု ထိုင်းနိုင်ငံမှာ ကြုံနေရ တယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က စတင်ပြီး
ထိုင်း နိုင်ငံ မြို့ကြီးတွေမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ အကြီးအကျယ် လုပ်ခဲ့တယ်။
လုပ်သားတွေက လုပ်နိုင်ရည် အားကောင်းအောင် မြင်းဆေး (ယာဘ) ခေါ် မူးယစ် သွေးကြွဆေးတွေကို
သုံးစွဲခဲ့တယ်။ အဲ့ဒီ အချိန်က အလုပ် သမားတစ်ဦးဟာ အိမ်ထောင်သားမွေး အရွယ်တွေက
များတယ်။ ဒီတော့ အလုပ်လုပ်ရင်း အိမ်ထောင်ယူ သား မွေးနဲ့- အခုအချိန်မှာ သားသမီးတွေက
၁၅ နှစ် အနှစ် ၂၀ အရွယ်ကို ရောက်လာပြီ။ ရာနှုန်းအများစုက ထုံထိုင်း သူတွေ၊
အတွေးအခေါ် မလိုက်နိုင်သူတွေ၊ သူများထက် နောက်ကျသူတွေ ဖြစ်နေတာကို တွေ့ ရတယ်။ စကား
ကြုံလို့ မြန်မာနိုင်ငံအတွက်လည်း ရင်လေးပါတယ်။) ဒါတွေဟာ အဲ့ဒီ ကလေးရဲ့
ရှေ့ဘ၀ကံကြောင့် မဟုတ်ဘူး။ အဲ့ဒီ ကလေးဖြစ်လာစေမယ့် မိဘများရဲ့ မဆင်ခြင်မှု၊
ဆင်ခြင်ရမှန်း မသိမှု၊ ဆင်ခြင်ကြပါလို့ မသွန်သင် မဆုံးမှု များရဲ့ အကျိုးဆက်ပါ။
ဒါကြောင့် လူတစ်ဦးရဲ့ လက်ရှိ ဖြစ်တည်မှုဘ၀ဟာ သူ့ရဲ့ မိဘများဆီက
အကျိုးဆက်တွေ အများကြီး လွှမ်းမိုး ပါတယ်။ ဒီလို ပြန်ကြည့်တဲ့အခါ- ကိုယ်တော်ဂေါတမ
ဆိုတဲ့ လူသားတစ်ဦး ဖြစ်မယ့် မျိုးဆက် (မြင့်မြတ်တယ်လို့ သတ်မှတ်တဲ့ သကျ မျိုးစု)
(ကိုယ်တော်ယေရှု ဆိုတဲ့ လူတစ်ဦး ဖြစ်တည်လာမယ့် မျိုးဆက် (မြင့်မြတ်တယ်လို့ ပြောတဲ့
ယုဒ မျိုးစု - အဲ့ဒီကာလနဲ့ ပတ်ဝန်းကျင်မှာ လေ၀ိမျိုးစုတွေက နိမ့်ကျတယ်ပေါ့၊)
ကိုယ်တော် မုဟမ္မဒ် ဆို တဲ့ လူတစ်ဦး ဖြစ်တည်လာမယ့် မျိုးဆက် (မြင့်မြတ်သော လူမျိုးကြီးလို့
ပြောတဲ့ ကုရိုက်ခ်ျ မျိုးစု) က ဖြစ်ပါ တယ်။ ပတ်ဝန်းကျင်တစ်ခုက မြင့်မြတ်တယ်လို့
သတ်မှတ်ထားတာမှာ အခြေခံအကြောင်းရင်းတွေ ရှိပါတယ်။ (နောက်တော့ ကြုံရင်
ရှင်းပြပါမယ်။)
ဒီကိုယ်တော်တွေဟာ မြင့်မြတ်တဲ့မျိုးစုက ဆင်းသက်လာတယ်။ အဲ့ဒီ
မျိုးစုထဲမှာ တစ်နေ့တည်း တစ်ချိန်တည်း ဘွားဘက်တော်တွေက ရှိနိုင်သေးတယ်။ ဒါပေမယ့်-
မွေးပေးတဲ့ မိဘ၊ ဘိုးဘွားရဲ့ တစ်သီးပုဂ္ဂိုလ် ကိုယ်ကျင့်တ ရားနဲ့ စာရိတ္တ ဆိုတာတွေက လိုသေးတယ်လေ။-
တိုတိုပြောရရင် သူတို့မှာ မွေးရာပါ ဗီဇဓါတ်ခံက အခြားသူများ ထက် သာလွန်တဲ့ ဂုဏ်ရည်
ရှိနေတယ်ပေါ့။ (ဒါတွေက သူတို့ရဲ့ မိဘမျိုးဆက်ကြောင့်နော်။)
မွေးဘွားလာတဲ့ ပတ်ဝန်းကျင်ကလည်း လိုသေးတယ်။ တစ်ကယ်လို့
နိုင်ငံရေးပတ်ဝန်းကျင်မှာ မွေးဘွားလာရင် သူ့ရဲ့ ငယ်ဘ၀ အရောင်က နိုင်ငံရေးသဘော
ဖြစ်နေမယ်။ ဘာသာရေးပတ်ဝန်းကျင်မှာ မွေးဘွားလာရင် သူ့ အ ရောင်က ဘာသာရေး
အရောင်ဖြစ်နေပါမယ်။ ကိုယ်တော်ဂေါတမ၊ ကိုယ်တော်ယေရှု၊ ကိုယ်တော်မုဟမ္မဒ်တို့ ရဲ့
ထူးရှားမှုက သူတို့ရဲ့ ပတ်ဝန်းကျင်ဟာ ကိုယ်ကျင့်တရားကောင်းပြီး- ဘာသာရေးကြည်ညို လေးစားတဲ့
အုပ်ချုပ် သူ မိဘဘိုးဘွားက ဆက်သက်လာခဲ့တာပါ။ (ဘာသာရေး ကြည်လိုလေးစားတယ်ဆိုတာက
စာရိတ္တပိုင်းဆိုင်ရာ စောင့်ထိန်းမှုကို ဆိုလိုပါတယ်။
အဲ့ဒီ ဗီဇနဲ့ မွေးဘွားလာသူတွေက သူတို့ကိုယ် သူတို့ ဉာဏ်စဉ်ပိုင်း
ဆိုင်ရာ ဆက်လေ့ကျင့်ယူခြင်းဖြင့် ဉာဏ်စဉ် အရာမှာ ပေါက်မြောက်သွားတာပါ။ သူတို့ဆိုတဲ့
လူတွေပဲ အဲ့ဒီ အခွင့်အရေးကို ရနိုင်တာလည်း မဟုတ်ပါ။ ဘယ် သူမဆို ကျင့်ကြံရင်
ရေချိန်မှီသလောက် ရမှာချည်းပါပဲ။ သူတို့လောက် ဗီဇဓါတ်ခံမရှိရင် သူတို့လောက်
မရနိုင် ပေမယ့် သူတို့နီးနီး ရသူတွေလည်း အများကြီးပါ။ ဥပမာ ကိုယ်တော်ဂေါတမ လက်ထက်က
ပဉ္စ၀ဂ္ဂီငါးဦးကို ပမာ ထားပြီး ဆင်ခြင်ကြည့်ပါ။
မေး။
ဗုဒ္ဓ ကတော့ ဘ၀ပေါင်းများစွာ ပါရမီ ဖြည့်ကျင့်ခဲ့တယ်။
(အစ္စလာမ်-မြန်မာ ပြောထားတာက တစ်ဘ၀ပဲ ကျင့်ကြံခဲ့
တယ်လို့ ပြော ထား တယ်။ သေသေချာချာ သက်သေပြနိုင်မလား) အချိန်တန်တော့ မဖောက်ပြန်တဲ့
ရှိပြီးသား ဓမ္မတွေကို တွေ့ရှိ ကျင့်ကြံခဲ့ တယ်။ ကျွန်မအနေနဲ့ ဗုဒ္ဓဟာ ဘ၀ပေါင်းများစွာ
ပါရမီဖြည့်ကျင့်ခဲ့လို့ ဒီဘ၀မှာ ဒီတ ရားတွေကို ရရှိတယ်လို့ လက်ခံပါ တယ်။ ပြီးတော့ ဗုဒ္ဓဟာသူသင်ယူခဲ့တဲ့
ဆရာတွေရဲ့ တရားတွေနဲ့ သူတွေ့ခဲ့ တဲ့ တရားတွေဟာ တော်တော်လေးကို ကွာခြားနေ တာကြောင့် သူတို့
အကူညီကြောင့်လည်း မဖြစ်နိုင်ပါ။
ဖြေ။
ဘ၀ပေါင်းများစွာကို လက်ခံကတည်းက ဗုဒ္ဓဘာသာ ဆိုတာ ဟိန္ဒူဘာသာ၊
ရှေးဂရိဘာသာများကို တုပထား သ လို ဖြစ်နေပါပြီ။ သူတို့က အရင်ပေါ်ထွန်းခဲ့တာလေ။
ဘ၀ပေါင်းများစွာကို လက်ခံတဲ့ အယူအဆက သံခေတ်လို့ ခေါ်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၂၀၀
လောက်ကတည်းက ပေါ်ခဲ့တာပါ။ (ကိုယ်တော်ဂေါတမ မပေါ်မှီ နှစ်ပေါင်း ၅၀၀ နဲ့ ၇၀၀ လောက်
စောပါမယ်။) (Reincarnation ဆိုပြီး Google Search မှာ ရှာကြည့်ပါ။) ဒီလို လက်ခံ လိုက်ရင် ကိုယ်တော် ဂေါတမက ရှေးစဉ် ဆက်နဲ့ တော်တော်လေး ကွာခြားတယ်ဆိုတဲ့ မေးသူရဲ့ စကားနဲ့
ကိုက် ညီနိုင်ပါ့မလား။
အန်ကယ်လေ့လာသဘောက် ဘာသာတရားတွေက ကြောရိုးတူညီနေပါတယ်။ ရှေးဘာသာက
ပင်မ ဉာဏ်စဉ် ဆောင် ပရိနိဗ္ဗာန်ပြု တာ ကာလကြာသွားမယ်။ ခေတ်အလျှောက် စာပေမှတ်တမ်း
မထွန်းကားသေးလို့ ဉာဏ်စဉ် ဆောင်ရဲ့ ဉာဏ်စဉ် သိ ဓမ္မ မှတ်တမ်း လည်း တိတိကျကျ
မကျန်ရစ်ဖြစ်မယ်။ ဉာဏ်စဉ်ဆောင် နောက်ပိုင်း ဘာ သာရေးတွင်း အာဏာလုမှုတွေကြောင့်
ဂိုဏ်းတွေကွဲလာ အယူအဆတွေကွဲလာပြီး ဂိုဏ်းကွဲတွေက သူတို့ ဒသနတွေကို ဉာဏ်စဉ်ဆောင်က ရွတ်အံခဲ့တဲ့
ဓမ္မမှတ်တမ်းယောင်ယောင် ဖြည့် စွက်လာမယ်- ဒီလိုနဲ့ မူရင်းဓမ္မနဲ့ ဆရာ့သြ၀ါဒ
ရောပြွန်းရှုပ်ထွေးကုန်ပြီး အတုအစစ် ခွဲမရ ဖြစ်လာမယ်-၊ ဒီလို အခြေအနေမှာ
သာမန်လူသားများ အနေနဲ့ ဘယ်သွန်သင်မှုက တစ်ကယ့် ဓမ္မအစစ် ဖြစ်တယ် ဆိုတာ ကို ခွဲမရ
ဖြစ်လာမယ်- ဆိုတဲ့ကာလ မှာ နောက်ထပ် ဉာဏ်စဉ်ဆောင် တစ်ပါး ပွင့်ပေါ်လာပါတယ်။
ခုဒ္ဒကနီကယ် ထေရာအပါဒါန် ဗုဒ္ဓ၀ဂ်မှာ ကြည်ပါ။ အရှေ့ အနောက် တောင် မြောက်
အရပ်မျက်နှာတိုင်းမှာ ဗုဒ္ဓခေတ်တို့ ရှိ၏တဲ့။ သမီး တို့ မြင်သလို ဟိမ၀န္ထာ အရပ်ဒေသ တစ်ခုပဲ
မြင်ယောင်နေရင်တော့-- ဥရောပတိုင်၊ အာဖရိကတိုက် အမေရိက တိုက်တို့က လူသား တွေဟာ
ကိုယ်တော်ဂေါတမ မမွေးမှီ နှစ်ပေါင်း ထောင်ပေါင်းများစွာက ကတည်းက ရှိနေခဲ့တယ်ဆိုတာကို အသိအမှတ်မပြုရာ ရောက်ပါလိမ့်မယ်။ ဒီလို ဖြစ်ခဲ့ရင် လူသားကို
အသိအမှတ်မပြုတဲ့ ၀ါဒကို ဘာသာရေးလို့ ခေါ်တွင်ဘို့ရာ ခက်ခဲပါလိမ့်မယ်။
ဘ၀ပေါင်းများစွာဆိုတဲ့ ရှင်းလင်းချက်ကိုတော့ အပေါ်က
မျိုးဆက်အားဖြင့် ဆိုတာမှာ ကြည့်ပါ။ ကိုယ်တော် ဂေါတမဟာ လူ့ဘ၀ တစ်ခုတည်းမှာ
ကျင့်ကြံသွားတာက သမိုင်းအတိအကျ ရှိပါတယ်။ သူဟာ လူ့ဘ၀မှာ တစ်ခါပဲ မွေးတယ်၊ ပြီးတော့
တစ်ခါပဲ သေ သွားခဲ့ပါတယ်။ သမီးကို ဘ၀စဉ်ဆက်ပြောနေတဲ့ ဆရာကြီးတွေက -
ကိုယ်တော်ဂေါတမဟာ လူ့ဘ၀မှာ အခါခါသေ၊ အခါ ခါ ပြန်မွေးဆိုတဲ့ သမိုင်းကို သက်သေ
အထောက်အထားနဲ့ ပြပေးနိုင်မလားလို့ မေးပေးပါ။ နောက်ဆုံး သူတို့ အဖြေက “ဒါကတော့
ဘုရားသမိုင်းလေ-၊ လောကယုတ္တိဗေဒနဲ့ မနှိုင်းယှဉ်နဲ့၊” လို့ပဲ ဖြစ်ပါလိမ့်မယ်။
ရှေးရိုးစွဲဝါဒီဆိုတာ ဒီအတိုင်းပဲ- ဘယ်ဘာသာ က ဖြစ်ဖြစ်ပါ။ မွတ်စလင် ထဲ မှာလည်း
သူတို့ဘက်က သက်သေမရှိရင် နောက်ဆုံး ဘုရားကို ထိုးချတာပဲ။ (ဘုရားသခင်အလိုတော် နဲ့
ယုတ္တိ ရှိရှိ မရှိမရှိ အကုန်ဖြစ်နိုင်တယ်လို့ ပြောကြတာပဲ။)
တစ်ကယ်တော့ ကုရ်အံ
၃၀း၃၀ မှာ ဖြစ်တည်မှုဆိုင်ရာ နိယာမများသည် ယုတ္တိမဲ့ ကမောက်ကမ မရှိစေရလို့
ပြဌာန်းပြီးသားပါ။ အလားတူပဲ-၊ ကိုယ်တောဂေါတမက ယုတ္တိရှိမှ ယုံပါလို့ ကာလာမသုတ်မှာ
ပြောခဲ့တာကို-၊ ဓမ္မစရိယများက လိုတဲ့အချိန် (သူတစ် ပါးကို ပုတ်ခတ် တိုက်ခိုက်ချိန်)
မှာသာ သုံးပြီး- ယုတ္တိမဲ့နေတဲ့ ဘ၀ပေါင်းများစွာကို လက်ခံတဲ့အခါကျတော့
သူတို့ကိုယ်တိုင်က ကာလမသုတ်ကို မေ့သွားကြပါတယ်။
မိရိုးဖလာဝါဒီတွေက ဘ၀ပေါင်းများစွာဆိုတာကို ဟိန္ဒူထဲက
ခိုးချထားတာပါ။ ဘ၀ပေါင်းများစွာ တစ်ကယ်ရှိ ကြောင်း သူတို့ကို သက်သေအတိအကျ ပြပေးဘို့
အရင် တောင်းဆိုကြည့်ပါ။ (လူရဲ့ ပါဝါ သဘောတရားကို နား မလည်ဘဲ သေချာမှုမရှိတဲ့
လူဝင်စား လိုလို ဘာလိုလို ဖြစ်တဲ့ ရောဂါတစ်မျိုးကို သက်သေပြဘို့ ကြိုးစားတာလည်း
တိကျတဲ့ အဖြေမဟုတ်ပါ။- ဒီ သဘောတရားကို သိလိုရင် ရှင်းပြပေးပါမယ်။)
မေး။
အစ္စလာမ်-မြန်မာ ပြောသလို ဗုဒ္ဓဟာ တမန်တော်တစ်ပါးဆိုရင် အလ္လာရှင်မြတ်က
သူ့ကို ကျမ်းချပေးတာပေါ့ သူကျတော့ ၆ နှစ်တိုင် တိုင် လေ့ကျင့်မှရပြီး မိုဟာမက်ကျတော့ ဘာတွေများလေ့ကျင့်ရလို့လဲ။
ဖြေ။
တမန်တော် တစ်ပါးဆိုတဲ့ ဝေါဟာရထက် ဉာဏ်စဉ်ဆောင် တစ်ပါးလို့
ပြောင်းလဲ သုံးစွဲသင့်ပါတယ်။ အာရ်ဗီ စကား ရစူလ်ဆိုတဲ့ စကားလုံးနဲ့ နဗီ ဆိုတဲ့
စကားလုံးက တမန်တော် ဆိုတဲ့ အဓိပ္ပါယ်ကို မပေးပါ။ ဖြစ်ပုံက ကိုယ်တော်မုဟမ္မဒ်
ပွင့်ပေါ်ရာ အရပ်ဒေသ ပတ်ဝန်းကျင်မှာ ခရစ်ယာန်များ၊ ဂျူးများ၊ ရှေးအာရဗ်ဘာသာ ဟောင်းများသာ
ရှိခဲ့ပါတယ်။
ကိုယ်တော်က ရှေးအာရဗ်ဘာသာဟောင်း မျိုးရိုးထဲက မွေးဘွားခဲ့တယ်။
မြင့်မြတ် သူ လူမျိုးကြီးအုပ်စုဖြစ်တော့ကိုယ်တော့ဘိုးဘွား က ကာအ်
ဘာကျောင်းတော်ကြီးကို စောင့်ရှောက်ရတဲ့ အုပ် ချုပ်သူ ဂေါပကများ ဖြစ်ကြတယ်။ အဲ့ဒီ
အရပ်က ပွင့်ပေါ်ခဲ့တဲ့ ကိုယ်တော် မုဟမ္မဒ်က သူသိတဲ့ ဓမ္မကို နှတ်က ရွတ်အံတဲ့အခါမှာ-
သူ့ဘာသာစကား အာရဗ်လို ထွက်လာတယ်။ (ထူးခြားတာက ကုရ်အံသုံး အာရ်ဗီစကားက အဲ့ဒီမှာရှိနေတဲ့
လူမျိုးကြီးနှစ်မျိုးနဲ့ တိုင်းရင်းသားများ အားလုံး နားလည်နိုင်တဲ့ ဝေါဟာရများ
ဖြစ် တယ်။) သမိုင်း အရ အဲ့ဒီခေတ် စာပေ အကျော်အမော်တွေက- ကုရ်အံအဖြစ်မှတ်တမ်းတင်ဘို့
ရွတ်အံတဲ့ ကိုယ်တော်ရဲ့ နှတ် ထွက်ဝေါဟာရများကို ကြည့်ပြီး- ကိုယ်တော့ကို
ဉာဏ်စဉ်ဆောင်အဖြစ် ချက်ချင်း လက်ခံလိုက်ကြတယ်။ (တိုင်း ပြည်တွင်း လူမျိုးအားလုံး နားလည်အောင်
ဘယ်သူမှ စာပေ ဘာသာစကားကို မတီထွင်ခဲ့ဘူးလေ။) ကုရ်အံသုံး အာရ်ဗီစကားကို သူတို့က နားလည်နိုင်တယ်။
ဒါပေမယ့် သူတို့အရပ်သုံးမဟုတ်ပြန်တော့- သူတို့က တစ်ဆင့် အခြားသူများကို
ဘာသာပြန်ဆို ပြောတဲ့အခါမှာ အခက်ကြုံရတယ်။ အခြားသူများဆိုတာက ပါရှားနဲ့ ဥရောပ ကို
ဆိုလိုတာပါ။
ဒီအခြေအနေမှာ ပါရှားက ရစူလ် ဆိုတဲ့ စကားလုံးနဲ့ နဗီ ဆိုတဲ့
စကားလုံးကို ဘာသာမပြန်ဘဲ မွေး စားစကားလုံး လုပ်လိုက်တယ်။ ဒါပေမယ့် ဥရောပဘက်က
Prophet လို့ ပြန်လိုက်တယ်။ အဲ့ဒီက တစ်ဆင့် အ ဘိဓာန်မှာ ရစူလ်= နဗီ= Prophet
ဖြစ်လာတယ်။ ဒါကို နောက်လူတွေက ဆက်တိုက် ဘာသာပြန်တော့- Prophet = တမန်တော် ဆိုတဲ့
အဓိပ္ပါယ်နဲ့ ပြန်လိုက်တာပါ။ တမန်တော် ဆိုတဲ့ စကားလုံးက ကောင်းကင်က ဘုရားကြီးက
လူ့ပြည်က သူချစ်ခင်သူတစ်ဦးကို ရွေးချယ်ပြီး ခန့်အပ်သလို ဖြစ်နေပါတယ်။ တစ်ကယ်တော့
အလ္လာဟ်ဆိုတဲ့ ပရမတ်ဘုရားက လူသားအားလုံးကိုတန်းတူ ကရုဏာတော် သက်နေပါတယ်။
(မိုးရွာနေတာ အတူတူ ခွက်ကြီးကြီးနဲ့ ရေခံသူက မိုးရေ ပိုပြီး စုမိသလိုပါ။)
ဉာဏ်စဉ်ပွင့်စေဘို့ ကျင့်ကြံသူက ဉာဏ်စဉ်ပွင့်ရ တာပဲလေ။
ကျမ်းတော် ဆိုတာကလည်း ချပေးတာ မဟုတ်ဘူး- ပရမတ်ဘုရားက ပြဌာန်းပြီး
နိယာမများကို ဉာဏ်စဉ် ကိန်း ဆိုက်သူက လော က ဓမ္မစာမျက်နှာထဲက ထိုးဖေါက်ဖတ်ယူတာပါ။
ပြီးမှ လူတွေအတွက် ချမှတ်ပြဌာန်း ပေးတာ ပါ။ ဒါကြောင့် အဲ့ဒီကိုယ်တော်နဲ့
စပ်လျှဉ်းတဲ့ လူမျိုး- သူ့သြ၀ါဒကို နာခံတဲ့ လူမျိုး (ဘာသာဝင်) တွေကို ပြဌာန်း ချက်ရှိသော
ဝိုင်းသားများ (ကျမ်းရ ပုဂ္ဂိုလ်များ) လို့ ကုရ်အံက သုံးပါတယ်။ ဒီနေရာမှာ ကျမ်းစာ
ဆိုတာက အ ကြမ်းဖျင်း ဘာသာပြန်တာပါ။ အာရ်ဗီစကားလုံး ကီတာ့ဘ် ဆိုတာက ပြ ဌာန်းခြင်း
ဖြစ်တယ်။ ပြဌာန်းချက်ကို မှတ်တမ်းတင်ထားတာ ရှိတယ်။ မှတ်တမ်းမတင်လိုက်ရတာ ရှိပါတယ်။
ပြဌာန်းချက် ဆိုတဲ့ ဝေါဟာရကို သမီး နားလည်လောက်မယ် ထင်ပါတယ်။ သမီးတို့ အိမ်မှာ
သမီးအဖေက မိသားစုများကို ဘာမလုပ်ရ၊ ဘယ်လို မစားရ၊ ဘာကို လုပ်သင့်တယ်လို့
ပြောဆိုသွန်သင်တာလည်း သူ့ပြဌာန်းချက်ပါပဲ။ ကိုယ်တော်ဂေါတမကို အန် ကယ်
(အစ္စလာမ်-မြန်မာ) ကသာ ဉာဏ်စဉ်ဆောင် တစ်ပါးရယ်လို့ ၀န်ခံတာ မဟုတ်ပါ။ လွန်ခဲ့တဲ့
နှစ်ပေါင်း ၁၀၀၀ ကျော်ကပေါ်ခဲ့တဲ့ မွတ်စလင်ပညာရှင်ကြီး အလ်ဘီယူနီ (ကမ္ဘာကြီး
လုံးကြောင်း ကမ္ဘာ့ပထမဆုံး သက် သက်ပြ ခဲ့သူ) ကိုယ်တိုင်က ရေးသားမှတ်တမ်းတင်
ရင့်ကျူးခဲ့ပါတယ်။
ကုရ်အံက ဖေါ်ပြပါ ဉာဏ်စဉ်ဆောင်များ စာရင်း မှာ အာရဗ်တွေနဲ့
အလှမ်းဝေးနေပြီး မည်သူ မည်ဝါလို့ မသိဘဲ ဖြစ်နေခဲ့ တဲ့ ဿူလ်ကာ့ဖ်လိ ကို အနက် အဓိပ္ပါယ်
ဖွင့်ဆိုခြင်းဖြင့် ကမ္ဘာ့မွတ်စလင်ပညာရှင်ကြီးများက ကပိလပြည့်ရှင် (ကိုယ်တော်ဂေါတ မ)
ဖြစ်တယ်လို့ ရေးသား ၀န်ခံကြပါတယ်။ ပါကစ္စတန်ကလည်း ကိုယ်တော်ဂေါတမရဲ့
အမွေအနှစ်များကို သူတို့အရပ်က ပွင့်ပေါ်ခဲ့တဲ့ ဉာဏ်စဉ်ဆောင် (ရစူလ်) တစ်ပါးအဖြစ်
ဂုဏ်ယူဝံ့ကြွားစွာ စောင့်ရှောက်ထိန်းသိမ်းထားပါတယ်။ (ဆရာတော် ဦးဉာဏံသရ
ရောက်ဘူးပါတယ်။ ကြုံရင်မေးကြည့်ပါ။) လက်တွေ့သက်သေများထက် ကြားဘူးနားဝပုံပြင်များက
ပိုပြီး မမှန် ကန်နိုင်ဘူးလို့ အန်ကယ်ကတော့ ခံယူပါ တယ်။
သမီးရဲ့မေးခွန်းမှာ ဘာတွေကျင့်ခဲ့သလဲ--လို့ မေးထားတာရှိတယ်။
သမီးအနေနဲ့ ကိုယ်တော်ဂေါတမက ဘာ တွေကျင့်ပြီး ဉာဏ်စဉ်ရခဲ့သလဲ အရင်အဦး စဉ်းစားပါ။
အခု မြန်မာပြည်က ပြောနေတဲ့ ၀ိပဿနာ ဆိုတာဟာ ကိုယ်တော်ဂေါတမက ပြောတာလား၊
ရှင်သာရိပုတ္တရာက ပြောတာလား-၊ ဘယ်သူ့နည်းများ ဖြစ်ပါသလဲ-၊ အန် ကယ် မဖြေမှီ
ဓမ္မစရိယများကို အလျှင်မေးကြည့်စေလိုပါတယ်။ (သူတို့ အဖြေကို အန်ကယ့်ကို ပြန်လည်
ပြော ပေးပါ။)
ချစ်ခင်လေးစားစွာဖြင့်