About Me

အိုင်စတိုင်းလ် နှင့် ဘာသာတရား


အိုင်စတိုင်းလ် နှင့် ဘာသာတရား

မေး။
အိုင်စတိုင်းလ်က ပြောတယ်- ကမ္ဘာမှာ ဖန်ဆင်းရှင် ၀ါဒပျောက်ဆုံးလိမ့်မယ်- သဘာဝတရားကို ကိုယ်စားပြုတဲ့ သဘာဝနဲ့ ကိုက်ညီတဲ့ ဗုဒ္ဓဘာသာ တစ်ခုပဲ နောက်ဆုံး ရပ်တည်လာလိမ့်မယ်-။

ဖြေ။
ကျွန်တော်လည်း သဘာဝနဲ့ ကိုက်ညီတဲ့ ဘာသာတရားကို လက်ခံချင်ပါတယ်။ လေ့လည်း လေ့လာနေပါတယ်။ တကယ်လို့ အိုင်စတိုင်းပြောသလို ဗုဒ္ဓဘာသာက သဘာဝနဲ့ကိုက်ညီသလား မကိုက်ညီဘူးလားဆိုတာ ကျွန်တော်ကိုယ်တိုင် မသိသေးပါ။ ဒါကြောင့် မေးမြန်းလာသူအနေနဲ့ ကြိုးစားပြီး ကျွန်တော့ကို သက်သေပြပေးနိုင်ရင် ကျေးဇူးတင်ပါတယ်။

အိုင်စတိုင်းက ရူပသင်္ချာရှင်ပါ။ ဘာသာရေးပညာရှင် မဟုတ်ပေဘူး။ သူက ဂျူး ဘာသာဝင်ဖြစ်တယ်။ ဘာသာရေးကို သူ့မိရိုး ဖလာလောက်ပဲ သိခဲ့တယ်။ သူ့မိရိုးဖလာ ဂျူးလူမျိုးတွေ က ခံစား ယုံကြည်တဲ့ ဖန်ဆင်းရှင်ဘုရားဆိုတာ တိုရာဟ်ကျမ်းမှာ ပုံဖေါ်တဲ့ ဣိသရေလူမျိုးတို့ ကိုယ်ပိုင်ဘုရားနဲ့  သူ့ ပတ်ဝန်းကျင်ကပြောဆိုနေတဲ့ ရှေးရောမလူမျိုးတို့ဖွင့်ဆိုတဲ့ ကောင်းကင်နိုင်ငံတော်က ဘုရားမျှသာ ဖြစ်ပါ တယ်။ သူ့အနေနဲ့ အစ္စလာမ်သာသနာရဲ့ဒသနနဲ့ ပရမတ်ဘုရားဆိုတာကို သိမှမသိခဲ့တာပဲ။ ပြီးတော့ ပိဋကတ် ကျမ်းစာကိုလည်း အစအဆုံးမဖတ်နိုင်ခဲ့ကြောင်း သူ့စကားကသက်သေပြပါတယ်။

ကွန်မြူနစ်တွေခေတ်စားတဲ့ ကာလမှာ အိုင်စတိုင်းက ကြီးပြင်းခဲ့တယ်။ ကွန်မြူနစ်ခေါင်းဆောင်ကြီး ကားလ်မစ်လည်း ဂျူးပါ။ ဆိုဗီယက် ယူနီယံဖခင်ကြီး လီနင်လည်း ဂျူးပဲလေ။- ဂျူးလူမျိုးက lobby လုပ်တဲ့နေရာမှာ သိပ်ထူးချွန်တယ်။ အဲ့ဒီကာလ မှာ ပိဋကတ်ကို စေ့စုံအောင် မဖတ်ဘူးရှာတဲ့ ဗုဒ္ဓဘာသာခေါင်းစဉ်အောက်က ပညာရှင်တွေက ကြားဘူးနားဝ အလိုက်သင့် တရားလေးများကို သဘာဝကျကျ မွမ်းမံပြီး ဘာသာရေး အဖြေတွေပေးခဲ့တာကိုပဲ အိုင်စတိုင်းက ကောက်ချက်ချပြောခဲ့တဲ့ စကားပါ။ 

ဒါကိုလည်း အိုင်စတိုင်းပြောတဲ့ Buddhism answers this description က ထောက်ပြနေတယ်။ မေးလာသူ လက်ခံထားတဲ့ ဗုဒ္ဓအဆုံးအမ အရပဲ “သူများ ပြောတိုင်းလည်း မယုံနဲ့၊ ဆရာသမားမိဘပြောတိုင်းလည်း မယုံနဲ့၊ ငါဘုရားဟောတိုင်းလည်း မယုံ နဲ့- လက်တွေ့ နဲ့ ကိုက်ညီမှ ယုံကြည်ပါ-” လို့ ပြောထားတဲ့ ကာလာမသုတ်ကို မေးလာသူ ပြန်သတိရပါ။

Bottom 2

ဝေဖန်အကြံပြုလိုပါက

Ĭ