About Me

အထွေထွေ Taskbar အသုံးပြုပုံ (တစ်)


အထွေထွေ Taskbar အသုံးပြုပုံ (တစ်)


ဒီ Teskbar လေးကအသုံးပြုရတာ လွယ်ပေမယ့် များသောအားဖြင့် သတိမထားမိကြပါဘူး..။ ဒါကြောင့်လည်း Taskbar ဘေးရောက်လိုက်၊ အပေါ်ရောက်လိုက် ဖြစ်လို့ ကျနော့်ဆီရောက်လာတဲ့ သူငယ်ချင်းတွေလည်း သုံးလေးယောက်လောက် ရှိခဲ့ပါတယ်..။ Taskbar ကိုအောက်ပြန်ချပေးဖို့ပါ..။ ဒါကြောင့် ကျနော့်သူငယ်ချင်းတွေလို Taskbar အသုံးပြုနည်း မသိသေးတဲ့သူများပါ သုံးတတ်အောင်လို့ Taskbar အသုံးပြုနည်းကို ပိုစ့်ရှည်မှာစိုး၍ နှစ်ပိုင်းခွဲပြီး တင်ပေးပါ့မယ်..။ ဒါကတော့ ပထမပိုင်းပါ..။
Taskbar ကို ဖျောက်ထားလို့လည်းရပါသေးတယ်..။ မောက်စ်နဲ့ ထိမှ ပြန်ပေါ်လာတာပါ..။ မောက်စ်နဲ့မထိရင် ပျောက်နေပါတယ်..။ မိမိတို့ ကွန်ပျူတာပေါ်မှာ ဘာတွေလုပ်နေလဲ၊ ဘာတွေဖွင့်ထားလဲ ဆိုတာကို အနီးမှာရှိတဲ့ တခြားသူတွေကို မသိစေချင်တဲ့အခါမျိုးတွေမှာ ဒီနည်းလေးက အသုံးဝင်ပါတယ်..။ ဒါကြောင့် Taskbar ကိုဖျောက်ထားချင်ရင် ဖျောက်ထားလို့ ရပါတယ်..။
နောက်တခုက Teskbar ကို ဘယ်ဘက်ဘေး၊ ညာဘက်ဘေး၊ အပေါ်၊အောက် ကြိုက်တဲ့နေရာမှာ ထားလို့ရပါတယ်..။ လုပ်နည်းလေးတွေကို အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ နောက်တခုက မိမိတို့ အမြဲသုံးနေတဲ့ Tool လေးတွေ၊ Start menu ကနေ ခဏခဏ သွားသွားထုတ်နေရတဲ့ Tool လေးတွေ ဥပမာ.. Notepad တို့ Snipping Tool တို့လိုကောင်လေးတွေကို တခါဖွင့်သုံးတဲ့အချိန်မှာပဲ Taskbar မှာ pin ရိုက်ထားလို့ ရပါတယ်..။ ပင်ရိုက်ထားတဲ့အတွက် စက်ပိတ်လိုက်လည်း ပျောက်မသွားပါဘူး..။ မိမိတို့ အသုံးလိုတဲ့အခါ ပင်ရိုက်ထားတဲ့ Taskbar ပေါ်က icon ပုံလေးကို နှစ်ချက်တောက်လိုက်တာနဲ့ ပွင့်လာပြီး တန်းသုံးလို့ ရပါပြီ..။ ဒီနည်းလေးတွေက ကျနော်အမြဲသုံးနေတဲ့ နည်းလေးတွေပါပဲ..။ လုပ်နည်းလေးကလည်း လွယ်ပါတယ်..။ အောက်မှာပုံလေးတွေနဲ့ ပြထားပါတယ်..။ 
အရင်ဆုံး Taskbar ပေါ်မှာ Right Click ထောက်ပြီး... ပေါ်လာတဲ့ ဘောက်စ်ထဲက Properties ကိုကလစ်ပါ..။ ပြီးရင်တော့ပုံမှာပြထားတဲ့အတိုင်း နံပါတ်စဉ်တိုင်း ပြောင်းလဲကြည့်ပါ..။



အောက်ကပုံကတော့ Pin ရိုက်တတ်အောင် ပြထားတာပါ..။ Taskbar ပေါ်မှာ ဘယ် Tool ကိုပဲဖြစ်ဖြစ် ပင်ရိုက်ထားလို့ ရပါတယ်..။


အောက်ဆုံးကပုံကတော့ Taskbar ကို ဘေးဘယ်၊ညာ အပေါ်၊အောက် ရွှေ့ပြထားတာပါ..။ အလှကြိုက်တဲ့ သူတွေအတွက်တော့ ဒီဇိုင်းတမျိုးပေါ့ဗျာ...။ 


အားလုံးရွှေ့ပြောင်း ပြီးရင်တော့ Apply , OK နှိပ်လိုက်ပါ..။ အားလုံးပဲ အဆင်ပြေစွာ သုံးတတ်ပါစေဗျာ..


Bottom 2

ဝေဖန်အကြံပြုလိုပါက

Ĭ