About Me

မလုပ်မဖြစ် လုပ်ဆောင်ပေးရမည့် System Rating


မလုပ်မဖြစ် လုပ်ဆောင်ပေးရမည့် System Rating


ဒီ System Rating ကတော့ ဘယ်စက်မှာပဲဖြစ်ဖြစ် လုပ်ဆောင်ပေးရမယ့် အလုပ်တစ်ခုပါ..။ ဝင်းဒိုးအသစ်တင်ပြီးတဲ့ အခါမှာပဲဖြစ်ဖြစ်၊ ဝင်းဒိုး Upgrade ပြောင်းလိုက်တဲ့အခါမှာပဲ ဖြစ်ဖြစ် ဒီအဆင့်ကို ပြုလုပ်ပေးရမှာပါ..။ ဒါမှသာ ဝင်းဒိုးထဲမှာရှိတဲ့ System အားလုံး အလုပ်လုပ်မှာဖြစ်ပါတယ်..။ System Rate ကိုအမြဲ(ခဏခဏ)လုပ်ပေးဖို့လည်း မလိုပါဘူး..။ တစ်ခါလုပ်ပေးပြီးရင်ရပါပြီ..။ တခါတရံမှာ ဝင်းဒိုးအသုံးပြုတာ ကြာလာရင်လည်း System Rate မှာ Refresh ဆိုတဲ့စာတန်းပေါ်နေရင် အဲဒီ Refresh ကိုနှိပ်ပြီး System Rating ကိုပြန်လည်ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်..။ ဒါကြာင့် System Rate ကလည်း မဖြစ်နေပြုလုပ်ပေးရမယ့် အဆင့်တွေထဲက တခုပါပဲ..။

နောက်တခုက laptop တွေမှာ ဒီ System Rate ကိုပြုလုပ်တော့မယ်ဆိုရင် ဘက္ထရီပါဝါနဲ့ လုပ်လို့ မရပါဘူး..။ မီးပလပ်ဝါယာနဲ့ မီးဖွင့်ပြီး Charger တပ်ထားမှ ဒီအဆင့်ကိုပြုလုပ်လို့ ရမယ်ဆိုတာ သတိပြုရပါမယ်..။ တချို့စက်အသစ်ဝယ်ပေမယ့် ဒီအဆင့်ကို စက်ဝယ်ခဲ့တဲ့ဆိုင်က မသိလို့ပဲဖြစ်ဖြစ် ၊ မေ့ခဲ့တာပဲဖြစ်ဖြစ် ဒီအဆင့်ကိုကျန်ခဲ့ရင် မိမိတို့ဖာသာ ပြုလုပ်ပေးလိုက်ပါ..။ ဒီအဆင့်ကိုမလုပ်ရင် ဘာတွေဖြစ်မလဲဆိုတော့ RAM Memory အပြည့်အလုပ် မလုပ်တာတို့၊ ဝင်းဒိုးထဲကဖိုင်တွေနဲ့ ဂရပ်ဖစ်မန်မိုရီ အလုပ်မလုပ်တဲ့အတွက် ဂိမ်းတွေ ဆော့လို့မရတာတို့ ဆော့ဝဲလ်အကြီးကြီးတွေ အလုပ်မလုပ်နိုင်တာတို့ ဖြစ်တတ်ပါတယ်..။ ဒါကြောင့် ဒီအဆင့်ကို မဖြစ်မနေလုပ်ပေးရပါမယ်..။ မိမိတို့ကွန်ပျူတာရဲ့ ဒီအဆင့်မှာ နံပါတ်ပေါ်နေမယ်... ဘေးမှာလည်း Windows Experience Index ဆိုတဲ့စာသားလည်း ပါနေမယ်ဆိုရင် ဒီအဆင့်ကိုပြုလုပ်ပြီးသား ဆိုတာသိရပါမယ်..။ ဒါကြောင့်ထပ်လုပ်ပေးဖို့ မလိုပါဘူး..။ အဲလိုမှမဟုတ်ပဲ System rating is not available စာတန်းမျိုးဆိုရင်တော့ အောက်ကပုံလေးတွေမှာ ပြထားသလို လိုက်လုပ်ပေးလိုက်ပါဗျာ... လုပ်နည်းလေးကလည်းအရမ်းလွယ်ပါတယ်..။ ပုံလေးတွေ ဆက်ကြည့်ပြီး လုပ်ပေးလိုက်ပါဗျာ...
Computer မှာ Right Click ထောက်ပါ..






 အပေါ်ပုံကအဆင့်အတိုင်း မြင်ရရင်တော့ ရသွားပါပြီ...။ ဝင်းဒိုးအပေါ်ဘောင် ဘယ်ဘက်က Back မျှားနဲ့ ပြန်ကြည့်လိုက်ရင်တော့ အောက်ကပုံအတိုင်း မြင်ရပါပြီ.. ။ နောက်တခုက ကွန်ပျူတာ တလုံးနဲ့တလုံး ပေါ်တဲ့ နံပါတ်တွေတူမှာ မဟုတ်ပါဘူး..။ စက်ရဲ့ပါဝါအားပေါ်မူတည်ပြီး ပေါ်လာတဲ့ နံပါတ်တွေကလည်း မတူပါဘူ..။


အားလုံးပဲ အဆင်ပြေကြပါစေဗျာ..


Bottom 2

ဝေဖန်အကြံပြုလိုပါက

Ĭ