About Me

Hard Disk ကို Partition ခွဲနည်း


Hard Disk ကို Partition ခွဲနည်း



တခါတလေမှာတော့ ဒီလိုလုပ်နည်းလေးကလည်း အသုံးဝင်ပါတယ်.. ဒီလိုလုပ်နည်းလေးတွေ လိုအပ်ပါတယ်.. ဘာလို့လဲဆိုတော့ ကျနော်တို့ရဲ့ အသုံးဝင်တဲ့ ဆော့ဝဲလ်တွေ၊ အရေးကြီးတဲ့ Data တွေကို Partation တွေထဲမှာ သိမ်းထားတတ်ကြပါတယ်.. ကွန်ပျူတာကို သိပ်နားမလည်ပဲ အရမ်းကလိတဲ့ ကောင်တွေ အနားမှာရှိရင်တော့ ဒီ Drive တွေကို ဒီနည်းနဲ့ ဖျေက်ထားတာ အကောင်းဆုံးပါပဲ.. ဒါမှ ဒီကောင်တွေ သတိမထားမိပဲ ဖျက်စီးမိမယ့် ဘေးက ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်.. တနည်းအားဖြင့် ဝှက်ထားတာပါ.. ဆော့ဝဲလ်မလိုပါဘူး.. အခုဒီမှာ လုပ်ပြတဲ့နည်းလေး အတိုင်း လုပ်ပေးလိုက်ရင် မိမိတို့ ဖျောက်ထားချင်တဲ့၊ ဝှက်ထားချင်တဲ့ Drive ကို အလွယ်တကူ ဖျောက်ထားလို့ ရမှာဖြစ်ပါတယ်.. ပြန်ဖေါ်ချင်တဲ့ အခါမှာလည်း ဒီနည်းအတိုင်းပဲ ပြန်ဖေါ်ပြီး အသုံးပြုလို့ ရပါတယ်.. ဒီလိုလုပ်နည်းလေးတွေကို တင်ပေးချင်ပေမယ့်လည်း အများစုက ဆော့ဝဲလ်တွေပဲ တောင်းနေကြတော့ ဒီလို နည်းလေးတွေကို မတင်ပေးဖြစ်တာပါ.. နောက်ပိုင်း ဆော့ဝဲလ်တောင်းတဲ့လူ နည်းသွားရင်တော့ ဒီလိုလုပ်နည်းလေးတွေကို ဦးစားပေး ဖေါ်ပြသွားဖို့ ရှိပါတယ်.. ကွန်ပျူတာရှိတဲ့ လူတိုင်း ဒီနည်းလေးကို သိထား၊ တတ်ထားသင့်ပါတယ်..။ လုပ်နည်းကို အောက်မှာ ဆက်ကြည့်ကြပါဗျာ..
ဒီအောက်မှာ ပြထားတဲ့ Local Disk (G:) ကို ဖျောက်ပြမှာပါ..



ဒီအောက်ကပုံမတိုင်း B နေရာက Computer မှာ Right Click ထောက်ပြီး ပေါ်လာတဲ့ ဘောက်စ်လေးထဲက Manage ကို ကလစ်ပါတယ်.. ဘေးကဘောက်စ် ပေါ်လာရင် D နေရာက Disk Management ကို ကလစ်လိုက်ရင် Partation တွေရှိတဲ့ နေရာကို မြင်ရပါပြီ.. အဲ့ဒီမှာ အပေါ်ပုံမှာ ပြထားတဲ့ Local Disk (G:) ကို ဒီနေရာမှာ (G:) လို့ပဲ မြင်ရပါတယ်.. အဲ့ဒီနေရာက ကျနော်ဖျောက်ထားချင်တဲ့ နေရာဆိုတော့ အဲ့ဒီ အကွက်လေးပေါ်မှာ Right Click ထောက်ပါ.. ဒီနေရာမှာ မိမိတို့ ဖျောက်ထားချင်တဲ့ အပိုင်းကို သေချာရှာပြီး လုပ်ပေးပါ..။


(G:) အကွက်လေးပေါ်မှာ Right Click ထောက်ပြီး Change Drive Letter and Paths စာသားကို ကလစ်ပါ..။


အောက်ကဘောက်စ်လေး ပေါ်လာရင် Remove ကို နှိပ်ပါ.. တကယ်လို့ Remove မနှိပ်ခင် အဲ့ဒီအကွက်လေးထဲက (G:) လေးမှာ အပြာရောင်လေး ဖုံးနေဖို့ လိုပါတယ်.. အဲ့လိုမဖြစ်သေးရင် မောက်စ်မျှားနဲ့ တချက်ကလစ်ပြီး အဲ့လိုဖြစ်အောင် လုပ်ပေးလိုက်ပါ.. ပြီးမှ Remove ကို နှိပ်ပါ..


နောက်ထပ် တကွက် ထပ်ပေါ်လာရင် Yes ပေးလိုက်ပါ..


အောက်ကပုံအတိုင်း (G:) အက္ခရာလေး ပျောက်သွားပါပြီ.. My Computer မှာ သွားပြန်ဖွင့်ကြည့်လိုက်ရင်လည်း Local Disk (G:) ပျောက်နေပါပြီ.. ဒါဆိုရင် ဒီအဆင့်ကို လုပ်လို့ အဆင်ပြေသွားပါပြီ..


ကျနော်တို့ ဒီ Drive ကို ပြန်ဖေါ်ချင်တဲ့ အခါမှာလည်း အပေါ်ဆုံးက အဆင့်အတိုင်း Computer >> Right Click >> Manage >> Disk Management ကို နှိပ်ပြီး ဝင်လာလိုက်ရင် အောက်က မြင်နေရတဲ့ နေရာကို ရောက်လာပါပြီ.. အဲ့ဒီမှာ Drive Letter မရှိတဲ့ အပိုင်းလေး ပေါ်မှာ Right Click ထောက်ပြီး အပေါ်ကနည်းအတိုင်း Change Drive Letter and Paths နေရာကို ကလစ်လိုက်ပါ..



အပေါ်ကပုံအတိုင်း ပေါ်လာရင် Add ကိုနှိပ်ပြီး အောက်ကပုံမှာ ပြထားသလို သူ့ရဲ့ မူရင်း Drive Letter လေးကို ပြန်ယူပေးလိုက်ပါ.. ဒီမှာတော့ (G:) ဖြစ်တဲ့ အတွက် G ကို ယူလိုက်ပါတယ်.. ပြီးရင် OK ပေးလိုက်ပါ..


သူ့ရဲ့ မူရင်း Drive Letter လေး ပြန်ရောက်သွားပြီ ဖြစ်တဲ့ အတွက် Computer ကို သွားပြန်ဖွင့်ကြည့်လိုက်ရင်လည်း အောက်ကပုံလို Local Disk (G:) ပြန်ပေါ်လာပါပြီ.. ဒါဆိုရင် Drive တွေကို ဖျောက်လည်း ဖျောက်တတ်ပြီ.. ပြန်လည်းဖေါ်တတ်သွားပါပြီ..

အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..

Bottom 2

ဝေဖန်အကြံပြုလိုပါက

Ĭ