About Me

CD ကို Software မသုံးဘဲ ကူးနည်း


CD ကို Software မသုံးဘဲ ကူးနည်း

CD ကို Nero Express လို မျိုး CD burn တဲ့ software မသုံးဘဲ my computer ထဲက CD/DVD Writer ပေါ်မှာ တိုက်ရိုက်ကူးလို့ ရတဲ့အကြောင်းလေးပေါ့။ သိပြီးသားလူတွေလဲ အများကြီးပေါ့နော်။ သူတို့အတွက် မရည်ရွယ်ပါဘူး။ ကျွန်တော်တို့လို့ ခုမှ သိတဲ့လူတွေအတွက် ပြန်လည် မျှဝေပေးတာပါ။ ၁။ ကူးချင်တဲ့ file , floder က ကိုယ့် computer ထဲ မှာရှိရပါမယ်။ မရှိသေးရင် computer ထဲ ကူးထည့်လိုက်ပါ။ ၂။ CD , DVD) disk အလွတ်ကို စက်ထဲထည့်လိုက်ပါ။ ၃။ ကိုယ် ကူးချင်တဲ့ file , floder ကို Ctrl+C (Copy) လုပ် ပါ။ ၄။ CD ကူးဖို့အတွက် My Computer ကိုဖွင့် ကိုယ်တပ်ထားတဲ့ CD Rom ထဲကိုပြန်သွားလိုက်ပါ။ ၅။ Ctrl+v (Paste) လုပ်ပါ။ ပြီးတော့ CD Writing Tasks အောက် က Write these files to CD ကို click နှိပ် လိုက်ပါ ။ ၆။ Write these files to CD ကို click နှိုပ် လိုက်ရင် CD Writing Wizard (BOX) ကျလာပါလိမ့်မယ်။ အဲဒါဆိုရင် စတင် CD ကူးနိုင်ပါပြီ။ My Disc နေရာမှာ CD ရဲ့ Nameကို ကိုယ်ကြိုက်တဲ့ နာမည် ပေးလို့ ရပါတယ်။ ကိုယ့်စိတ်တိုင်းကျ နာမည်ပြောင်းပေးပြီးရင် Next Button ကို click နှိပ်လိုက်ပါ။ Computer က copy လုပ်ထားတဲ့ file ကို CD ထဲကူးထည့်ပေးပါလိမ့်မယ်။ File ထဲက data တွေCD ရောက်ရှိသွားပါပြီ။ Finish ကို click နှိပ်ပြီးရင် CD ကို ဖွင့်ပြီး စစ်ကြည့်လိုက်ပါ။ အိုကေနော်။ ဒီကူးနည်းက Nero Express လို CD ထဲရောက်ပြီးသား data တွေကို ပြန်ဖျက်လို့ မရပါဘူး။ ကိုယ်ကူးလိုက်တဲ့ Disk မှာ space အလွတ် ရှိသေးရင် နောက်ထပ် ကူးလို့ ရပါသေးတယ်။

Bottom 2

ဝေဖန်အကြံပြုလိုပါက

Ĭ