About Me

Windows7 မှာ Startup and Shut down မြန်စေဖို့


Windows7 မှာ Startup and Shut down မြန်စေဖို့



မေးတဲ့လူရှိတုန်း တင်ပေးလိုက်ပါတယ်..။  အစ်ကို thi ha နဲ့ တခြားမသိသေးတဲ့ သူများအတွက်ပါ..။ ဝင်းဒိုးအတက်မှာရော အပိတ်မှာပါ အရင်ကထက် ပိုမြန်လာပါလိမ့်မယ်..။ အထဲမှာတော့ အနည်းငယ် ဝင်ပြောင်းပေးရပါတယ်..။ စက်ဖွင့်၊ပိတ်ကြာလို့ စိတ်ညစ်နေတဲ့ သူများ.. ဒီအောက်က ပုံလေးတွေအတိုင်း လိုက်ပြောင်းပေးလိုက်ပါဗျာ..။ အားလုံး ပြောင်းပြီးရင်တော့.. လက်တွေ့သိရအောင် မိမိတို့ရဲ့ကွန်ပျူတာကို Restart ချကြည့်လိုက်ပါ..။
အရင်ဆုံး Start Menu ကနေသွားပြီး Search Programs and Files နေရာမှာ ပုံထဲမှာပြထားတဲ့ စာသားကို ရိုက်ထည့်လိုက်ပါ..။ ပုံထဲကအတိုင်း ပေါ်လာရင် နံပါတ်စဉ်တိုင်း အဆင့်ဆင့် နှိပ်သွားလိုက်ပါ..




အပေါ်ကပုံတွေကတော့ ဝင်းဒိုးအတက်မှာ မြန်ဖို့ပါ..။ အရင်ကထက်တော့ အနည်းငယ် ပိုမြန်လာပါလိမ့်မယ်.. ပြီးရင်..
ဝင်းဒိုးအပိတ်မှာ မြန်ဖို့ဆိုရင်တော့ အောက်က ပုံလေးတွေအတိုင်း လိုက်လုပ်ပေးလိုက်ပါဗျာ.. Start Menu ကနေသွားပြီး Search Programs and Files နေရာမှာ Regedit လို့ ရိုက်ထည့်လိုက်ပါ.. အောက်ပုံမှာလည်း ပြထားပါတယ်..။ ပေါ်လာတဲ့ စာသားတွေကို ကြည့်ပြီး နံပါတ်စဉ်တိုင်း လုပ်ပေးလိုက်ပါ..


အပေါ်ပုံအတိုင်း ပေါ်လာပြီဆိုရင် အောက်ပုံအတိုင်း အထဲမှာ ဝင်ပြီး လိုက်ပြောင်းပေးလိုက်ပါ.. 


WaitToKillService နေရာမှာ ၂ချက်တောက်ပေးလိုက်ရင် အောက်ကပုံအတိုင်း ဘောက်စ်လေး ထွက်လာပါလိမ့်မယ်..


အဲဒီဘောက်စ်လေးထဲက Value data နေရာမှာ 1000(တစ်ထောင်) လို့ ရိုက်ထည့်ပြီး OK ပေးလိုက်ပါ..။ ဒီလောက်ဆိုရင် စက်အပိတ်မှာလည်း မြန်သွားပါပြီ..

အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..



Bottom 2

ဝေဖန်အကြံပြုလိုပါက

Ĭ