About Me

အထွေထွေ Taskbar အသုံးပြုပုံ(နှစ်) (ပိတ်မရတဲ့ဆော့ဝဲလ်များ ရအောင်ပိတ်နည်း)


အထွေထွေ Taskbar အသုံးပြုပုံ(နှစ်) (ပိတ်မရတဲ့ဆော့ဝဲလ်များ ရအောင်ပိတ်နည်း)


ဒီတခါတော့ Taskbar ကနေ ပိတ်မရတဲ့ ဆော့ဝဲလ်တွေကို ရအောင်ပိတ်နည်းလေး ပြောပြပါ့မယ်..။ တခါတလေ ဆော့ဝဲလ်တွေ ကြောင်တဲ့အခါ၊ ဒါမှမဟုတ် စက်ကြောင်တဲ့အခါ မိမိတို့ဖွင့်ထားတဲ့ ဆော့ဝဲဝင်းဒိုးဟာ အဖြူရောင်ဖြစ်သွားပြီး.. မောက်စ်ကလည်း အဲဒီဝင်းဒိုးပေါ်မှာ အလုံးလေးဖြစ်ပြီး လည်နေပါလိမ့်မယ်..။ သုံးမရမယ့်အတူတူ ပိတ်ချင်တော့လည်း ပိတ်မရ၊ တခါတလေ close program လို့စာတန်းပေါ်ပေမယ့်လည်း နှိပ်လိုက်ပြန်တော့ ဆော့ဝဲလ်က ရှိမြဲရှိဆဲ၊ ဘယ်လိုပဲ ဖျက်ဖျက်ပိတ်လို့ကိုမရတဲ့အခါမျိုး ကြုံလာတဲ့အခါ အခုကျနော်ပြောပြမယ့် နည်းလေးနဲ့ ပိတ်လိုက်ပါ..။ တနည်းမဟုတ်တနည်းနဲ့ အဆင်ပြေသွားပါလိမ့်မယ်..။

တချို့လူတွေက ပိတ်မရတော့ စိတ်တိုပြီး စက်ကို restart ချပစ်လိုက်ကြတယ်...။ အဲလိုလုပ်လိုက်ရင်တော့ မိမိတို့လုပ်ထားတဲ့ အလုပ်တွေ အားလုံးပျက်ကုန်ပါတယ်..။ အခုကျနော်ပြမယ့်နည်းလေးကတော့ စက်ပိတ်စရာမလိုပါဘူး..။ လုပ်ရတာလည်း လွယ်ပါတယ်..။ အောက်မှာပုံလေးတွေနဲ့ ပြထားပါတယ်..။ မိမိတို့ ကိုယ်တိုင် ကြုံလာတဲ့အခါ အသုံးပြုလို့ ရအောင်လို့ လိုက်မှတ်ထားသင့်ပါတယ်..။ ဖျက်နည်း ၁၊၂၊၃ နဲ့ ဖျက်ကြည့်ပါ..။ တနည်းနည်းနဲ့ အဆင်ပြေသွားပါလိမ့်မယ်..။

ဖျက်နည်း (၁)..


ဖျက်နည်း (၂)
ဒါကတော့ အများစုကြုံဖူးကြပါလိမ့်မယ်..။ VZO အကောင့် ဖွင့်ပြီးတဲ့အခါမှာ မိမိတို့ပိတ်လိုက်ပေမယ့် VZO ဆော့ဝဲလ်ဟာ တကယ်ပိတ်မသွားပါဘူ..။ အောက်ကပုံမှာ ပြထားတဲ့အတိုင်း 2 နေရာမှာ ကျန်နေပါတယ်..။ အဲလိုဖြစ်နေပြီဆိုရင် မိမိတို့ ကွန်ပျူတာရဲ့(လပ်တော့ပ်တွေမှာ) ကင်မရာ မီးကလည်းလင်းပြီး ကင်မရာလည်း ပွင့်နေပါလိမ့်မယ်..။ ကင်မရာလည်းပိတ်အောင် VZO လည်းပိတ်အောင် ကျနော်ပြထားတဲ့ ဒီအောက်ပုံလေး အတိုင်းပိတ်ပေးရပါမယ်...။ ဘယ်ဆော့ဝဲလ်ပဲဖြစ်ဖြစ် ဒီနည်းနဲ့ ပိတ်ကြည့်ပါ..။ မရရင်ပိတ်နည်း(၃)နဲ့ ပိတ်လိုက်ပါ..။ ဆက်ကြည့်လိုက်ပါဗျာ..။


ဖျက်နည်း (၃)
ဒီဖျက်နည်းကတော့ နည်းနည်းပညာပါတယ်လို့ ပြောရပါမယ်..။ ဘာလို့လည်းဆိုတော့ Task Manager ကိုအမိန့်ပေးပြီး ဖျက်ခိုင်းတာမို့လိုပါ..။ ဘယ်ဆော့ဝဲလ်ပဲ ဖြစ်ဖြစ် Taskbar ပေါ်ကနေပွင့်လာရပါတယ်..။ Taskbar Manager ကလက်မခံရင်၊ ဖျက်ခိုင်းရင် ဆော့ဝဲလ်ကပိတ်သွားရပါတယ်..။ ဒါကြောင့်ဒီနည်းလေးက ပညာပါပါတယ်..။ လူတ်ာတော်များလည်း ဒီနည်းကို မသိသေးပါဘူ..။ ဘယ်ဆော့ဝဲလ်ပဲဖြစ်ြဖစ် ဒီနည်းနဲ့ ပိတ်လို့ရပါတယ်..။ လုပ်နည်းကလည်း လွယ်ပါတယ်..။ အရင်ဆုံး Taskbar မှာ Right Click ထောက်ပြီး.. ပုံမှာပြထားတဲ့အတိုင်း လိုက်ကြည့်သွားလိုက်ပါဗျာ..


အောက်ဆုံးကပုံကတော့ မိမိတို့ရဲ့စက်မှာ နေ့ရက်အချိန်နာရီတွေကို မှန်အောင်ပြန်တိုက်လို့ ရအောင်လို့ ဖေါ်ပြပေးလိုက်တာပါ..။ နိုင်ငံခြားကနေ မြန်မာပြည်ကို သယ်သွားတဲ့စက်တွေမှာ မြန်မာပြည်စံတော်ချိန်နဲ့ ညီအောင် အချိန်တွေပြန်တိုက်ချင်ရင် ဒီနည်းလေးအတိုင်းလိုက်လုပ်ပေးလိုက်ပါ... အားလုံးပဲ အဆင်ပြေကြပါစေဗျာ..



Bottom 2

ဝေဖန်အကြံပြုလိုပါက

Ĭ