About Me

Drive Letters လေးတွေကို ဖျောက်ပြီး သုံးချင်သူများအတွက်


Drive Letters လေးတွေကို ဖျောက်ပြီး သုံးချင်သူများအတွက်



အခု ကျွန်တော် ပြောပြမဲ့ နည်းလေးကတော့  မိမိတို့ ကွန်ပျူတာမှာ ရှိတဲ့ Drive Letter လေးတွေကို ဖျောက်ထားပြီး သုံးချင်တဲ့ သူတွေအတွက်ပါ .. ပုံမှန်ဆိုရင် ကျွန်တော်တို့ ကွန်ပျူတာရဲ့ Partation တွေမှာ Drive Letter တွေကို  C , D , E ,F .. အစရှိသည်ဖြင့် ပေးထားလေ့ ရှိပါတယ် .. ကျွန်တော်တို့ အနေနဲ့ အဲ့ဒီ Letter လေးတွေကို ဖျောက်ပြီး သုံးချင်တယ် ဆိုရင် အခုကျွန်တော် အောက်မှာ ပြောပြ ပေးထားတဲ့ နည်းလမ်းလေး အတိုင်း လိုက်လုပ်ပေးလိုက် ယုံပါပဲ .. 

အရင်ဆုံး My Computer ကို ဖွင့်လိုက်ပါ .. ပြီးရင် Windows Explorer ရဲ့ Organize ကိုသွားလိုက်ပါ .. ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် .. 


အောက်ကပုံအတိုင်း Folder Option လေးပွင့်လာပြီ ဆိုရင် Show drive letters မှာရှိတဲ့ အမှန်ခြစ်လေးကို ဖြုတ်ပေး လိုက်ယုံပါပဲ .. တကယ်လို့ ကျွန်တော်တို့ Drive Letters လေးတွေကို ပြန်ဖော်ချင်တယ် ဆိုရင် Show drive letters ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေး ပြန်ပေးလိုက် ယုံပါပဲ .. ပြီးရင်တော့ Apply >> OK ပေးလိုက်ယုံပါပဲ ..

အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

Bottom 2

ဝေဖန်အကြံပြုလိုပါက

Ĭ